Monday, March 25, 2013
မောတို့ပျော်ရာတောင်သာယာ
ရေး -
ဆို - ဘိုဖြူ
(မောတို့ပျော်ရာတောင်သာယာ
လျှိုမြောင်စိမ့်စမ်း စခန်းကသာ
မြိုင်သေလာ ဂနိုင်ခြေမှာ
ရေတံခွန်ဝေဖြာ စီးဆင်းလာ
ရှုတိုင်းတင့်လှတာ
နှင်းမြူမှုန်ဖွေး ညင်းလေသွေးကာ
အေး အေးမြစွာ
ထင်းရှူးနံ့သင်း ချယ်ရီဝန်းကာ
ရှုမျှော်ခင်း အဆင်းကသာ
ကမ္ဘောဇ မောတို့ပျော်စံရာ)၂
(မောင်ကြီးတို့ရွာ တောင်ကြီးမြို့သာ
မောင်ကြီးတို့ရာ လာ.. လာ.. လာ
အပျိုချောတို့ရာ အကိုမောတို့ရွာ
အပျိုချောတို့ရာ လာ.. လာ.. လာ)၂
ဧည့်ဝတ်ကျေစွာ ဖော်ရွေကာ
ဖျော်ဖြေမှာ ဖော်ဆွေသဟာ
သွေးရင်းသားရင်း ညီရင်းအကိုပမာ
မောင်ရင်းနှမတို့ ချစ်ကြည်စွာ
မောမြေမြင့်က ဆီးလို့ကြိုနေမှာ
လာ… လာ…. လာ…..
လာ… လာ…. လာ…..
(လာခဲ့ပါ မောင်တို့ရာ……
လာခဲ့ပါ မေတို့ရာ………)၂
12:03 PM 3/23/2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment