Sunday, March 24, 2013

အနာဂတ်မဲ့

ရေး -
ဆို - စည်သူလွင်၊ အဲလက်စ်၊ ဆောင်းဦးလှိုင်

ယုံကြည်နေခဲ့သော အချစ်က
မရေရာတဲ့ ကိုယ့်ဘ၀ကို အကြောင်းပြ
သူလေ ရက်ရက်စက်စက်ခွဲသွားတဲ့အခါ
ဝမ်းနည်းမိပါတယ်..

အတူတူဆိုနေခဲ့သော သီချင်းတွေ
ဒီအချိန်မှာ ပိုလို့လွမ်းမိတယ်အချစ်ရေ…
အခါခါ ရှုံးနိမ့်ဖူးတော့
နောက်ထပ်အရှုံးတွေ ကြည်ဖြူသူရင်မှာ…

အချို့အချို့အတွက် လွယ်ပေမယ့်
ကိုယ်ဟာ ရုန်းကန်လာခဲ့ဖူးတယ်…
ကြိုးစားခဲ့သမျှ အချည်းနှီးနဲ့
ဘ၀က အဲဒီလိုပဲ
ဝေးကြမယ်ဆိုရင်လည်း
တကယ်ပါအစွမ်းကုန် ကိုယ့်ခွင့်လွှတ်မယ်…
မသာယာနိုင်တဲ့ လမ်းမျိုးတော့
ဘယ်သူလာချင်မလဲ ကိုယ့်အချစ်လေး…

ခိုင်မာနေခဲ့သော စိတ်က
မရေရာ ယိုင်နဲ့သွားပြီအချစ်ရာ…
မခံချင်စိတ်နဲ့ လောကလမ်းများထဲ
ကြိုးစားခဲ့သူမှာ…

ယုံကြည်စရာ အနာဂါတ်မရှိရင်
လူဆိုတာ ပျက်စီးတတ်တယ် ကလေးရယ်..
အခါခါ ရှုံးနိမ့်ဖူးတော့
နောက်ထပ်အရှုံးတွေ ကြည်ဖြူသူရင်မှာ..

အချို့အချို့အတွက် လွယ်ပေမယ့်
ကိုယ်ဟာ ရုန်းကန်လာခဲ့ဖူးတယ်..
ကြိုးစားခဲ့သမျှ အချည်းနှီးနဲ့
ဘ၀က အဲဒီလိုပဲ..
ဝေးကြမယ်ဆိုရင်လည်း
တကယ်ပါအစွမ်းကုန် ကိုယ့်ခွင့်လွှတ်မယ်
မသာယာနိုင်တဲ့ လမ်းမျိုးတော့
ဘယ်သူလာချင်မလဲ ကိုယ့်အချစ်လေး
ယုံကြည်နေခဲ့သော စိတ်က
မရေရာ ယိုင်နဲ့သွားပြီအချစ်ရာ..
မခံချင်စိတ်နဲ့ လောကလမ်းများထဲ
ကြိုးစားခဲ့သူမှာ

ယုံကြည်စရာ အနာဂါတ်မရှိရင်
လူဆိုတာ ပျက်စီးတတ်တယ် ကလေးရယ်
အခါခါ ရှုံးနိမ့်ဖူးတော့
နောက်ထပ်အရှုံးတွေ ကြည်ဖြူသူရင်မှာ

5:29 PM 3/20/2013

No comments:

Post a Comment