Monday, March 25, 2013

ပြော

ရေး -  အောင်လ
ဆို - အောင်လ

ပြော… ငါ့ကိုမုန်းတယ်ဆိုလဲပြော
ငါ့ကိုမချစ်ချင်တော့ရင်ပြော
အရာရာဟာ မင်းအတွက်
နောက်မကျသေးဘူး

ပြော… မင်းရင်ထဲကအမှန်တိုင်းပြော
ငါ့ကို စိတ်ကုန်နေလဲပြော
မင်းနဲ့ငါ့ရဲ့ အချစ်ဇာတ်လမ်းဟာ ဒီလိုပြီးပြီပေါ့
မင်းဆန္ဒတစ်ခုအတွက် ငါအကုန်ဖြည့်ဆည်းပေးမယ်

ငါ… အရှုံးပေးနေပြီ အနိုင်ယူပါ မင်းအတွက်
နောက်ထပ်ပေးဖို့ရှိသေးတယ်  အကုန်နင်ယူသွားလေ
မုန်းမရနိုင်ခင် မေ့ဖို့တော့မပြောပါနဲ့
ဆန္ဒတခုရင်မှာသိမ်းထားတယ် ကျန်တာအကုန်မင်းအတွက်

ပြော… မင်းလိုအပ်ရင် အချိန်တိုင်းပြော
ငါ့ဖက်ကအဆင်သင့်ပါ
အို.. မင်းအတွက်
မာနများမထားခဲ့ဘူး

အိပ်မက်မက်ပဲရင်ထဲဒီဘ၀ရယ်
အချစ်များအတွက် နှလုံးသားတောင့်တနေလဲ
မျိုသိပ်ကာကြိတ်မှိတ်အိပ်တော့မယ်
နင်ပျော်နိုင်ဖို့အတွက်

ဒါတွေအကုန်မင်းအတွက်
အိုးဟိုး

7:26 PM 3/23/2013

No comments:

Post a Comment