Monday, March 25, 2013

တောင်းပန်တယ်

ရေး - အောင်လ
ဆို - အောင်လ

ဘယ်သူ့မှမလိုပါဘူး ငါ့ရဲ့ဘေးမှာ
မင်းရှိနေရုံ ပြီးပြည့်စုံတဲ့ ငါ့ကမ္ဘာ
ရည်ရွယ်ထားတဲ့ လက်ကိုတွဲ
ခိုင်မာခဲ့တဲ့အချစ်တွေ အားအင်တွေပေးခဲ့

နလုံးသားအပေါ်ယံက အစွန်းထင်းများဟာ
တံလျှပ်တို့ရေထင်ပြီး မှားခဲ့တဲ့အခါ
တိတ်တဆိတ်စွန့်ခွါသွား
နောင်တတို့ရချိန်မှာ နင်အဝေးဆုံးရောက်နေမလား

ငါမှားတာရှိရင် တောင်းပန်ပါတယ်
မင်းရဲ့အနားပဲ သံမှိုစွဲကပ်ထားသလို အချစ်တို့ရှိတယ်
မင်းရဲ့စကားတွေ ကြားနေချင်သေးတယ်
နင်ခွဲလို့မသွားပါနဲ့ အရင်လိုချစ်ခွင့်လေးပြန်ပေးဖို့တောင်းပန်တယ်…

သစ်ရွက်ကြွေနွေဦး ဒီလမ်းကျဉ်းလေးမှာ
အရိပ်တစ်ခုမြင်လိုက်တိုင်း မင်းမှမဟုတ်တာ
ဟောင်းနွမ်းသွားပြီလား
အရာရာအသစ်က တစ်ခေါက်ပြန်စခွင့်ရနိုင်မလား..

ဘယ်လိုအကြောင်းမျိုးကြောင့် ဖြစ်ဖြစ်
မေ့လို့မရခဲ့ရင် နင်ခွင့်လွှတ်လို့ရရင်ပေါ့
ပြန်လာခဲ့လေ မင်းပြန်လာခဲ့တော့

(ငါတယောက်တည်းနဲ့
မင်းမရှိတော့တဲ့ ဘ၀တစ်ခုမှာခြောက်ခြားဆဲ
လွမ်းခဲ့ရတဲ့နေ့ရက်များစွာ နှောင်ကြိုးမဲ့ ငါ့မှောင်မဲဆဲ
နာကျင်ရမယ့် နှလုံးသားငယ်)၂

7:25 PM 3/23/2013

No comments:

Post a Comment