Monday, March 25, 2013

ကောင်းကင်ကမ္ဘာ

ရေး -
ဆို - မေစပယ်ညို

ဝေဟင်မှာပျံကာဝဲမယ်
မင်းနဲ့တို့နဲ့နှစ်ယောက်ထဲပေါ့
အပြစ်တင်မယ့်လူတွေကြားက
လွတ်အောင်ရုန်းလို့
ယုံကြည်စွာအတူပျံသန်းရင်း
တို့နှစ်ယောက်ဘ၀တွေတည်ဆောက်ကြမယ်
အားလုံးခွဲလဲ မခွဲတော့ဘူး

(ဗီးနပ်စ်က၀မ်းနည်းလို့ အတောင်ပံတွေပေးလိမ့်မယ်
မိုးသားနဲ့ကောင်းကင်ကြီးထဲ ပျံဝဲလိုက်ကြစို့
ပင်လယ်ပြာတောင်တွေကိုဖြတ်ကာ
တေးသွားလေးတွေ သီကျူးရင်း)
ယုံကြည်စွာထာဝရမခွဲပဲ တို့ရဲ့လက်တွေခိုင်မြဲလျက်

ဝေဟင်မှာပျံကာဝဲစို့
တို့ရဲ့အချစ်တွေရင်ထဲထည့်လို့
နောက်ကွယ်ကလူတွေပြောလဲ
ပြောကြစမ်းတော့
အကြင်နာသူနင်သာရှိရင်
ငြိမ်းချမ်းသွားမယ်တသက်လုံးပေါ့
ခွဲခြားလို့လဲမရတော့ဘူး…

အချစ်သက်သေတွေ တည်ဆောက်မယ်

12:07 PM 3/23/2013

No comments:

Post a Comment