Monday, March 25, 2013

မင်းလေးချစ်တတ်ရင်

ရေး -
ဆို - မျိုးကျော့မြိုင်

ရတယ်အချစ်ရယ် မနက်ဖြန်တိုင်းဟာ
ကိုယ့်ဘ၀တိုင်းမှာ အဆိုးတွေများစွာ
သွားမယ်အချစ်ရယ် ကိုယ်သွားဦးမယ်
စိတ်မပူလိုက်နဲ့ အလကားမောတယ်

သိတယ်အချစ်ရယ် ပြောနေကြတယ်
စကားတွေရဲ့အလယ် ကိုယ်အရှုံးမပေးပဲ
အေးဆေးပါအချစ်ရယ် မင်းကလွဲရင်
ဘယ်သူ့ကိုတကယ် မယုံပါဘူး

မင်းလေးတွေးလိုက်ရင်
ရုတ်တရက် စိတ်ပျက်မယ်
ကိုယ့်ရဲ့ဘ၀ကကွယ်
နဲနဲတော့ကြမ်းတယ်
မင်းလေးချစ်တတ်ရင်
တဖြည်းဖြည်းသိလိမ့်မယ်
ဘ၀အတွက်မင်းရွေးခြယ်
အဆိုးနဲ့အကောင်းများအလယ်

ကိုယ့်မှာရှိတယ် လက်ဆောင်တစ်ခုရယ်
မင်းကိုပေးမယ် ယူမလားအချစ်ရယ်
ဟောဒီပုခုံးရယ် ဒီဦးနှောက်ရယ်
မင်းကိုချစ်တဲ့ ဒီနှလုံးသားရယ်

မင်းလေးတွေးလိုက်ရင်
ခဏတော့ စိတ်ပျက်မယ်
ကိုယ့်ရဲ့ဘ၀ကကွယ်
နဲနဲတော့ကြမ်းတယ်
မင်းလေးချစ်တတ်ရင်
အင်အားများအမြဲရှိမယ်
သေချာနေတာတစ်ခု
အမြဲတမ်းသိပ်ချစ်တယ်

မင်းလေးချစ်တတ်ရင်
တကယ်မင်းလေးချစ်တတ်ရင်

12:09 PM 3/23/2013

No comments:

Post a Comment