Monday, March 25, 2013

ဒီဇင်ဘာည

ရေး - လင်းနစ်
ဆို - လင်းနစ်

အပြင်မှာနှင်းတွေ ကျဆင်းလို့နေပြီ
အိပ်မက်ဟောင်းငယ် ရင်ထဲရောက်လာသည်
ငါမလိုချင်သောနာရီများ
လွန်ဆန်ချင်နေလည်း

မျှော်လင့်ခြင်းတွေ ငါမုန်းလိုက်ချင်ပြီ
ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်ပြီ
မြူမှုန်တွေရဲ့ ခြေသံလေး
နင်ပြန်မလာတော့ဘူးလား

ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ
အတူဆုံနေကြ ဒီလိုအချိန်လေးရောက်လာ
ဟိုအရင်က အပြာရောင်အိပ်မက်လေးကို
ပြန်လည်တမ်းတရင်း ကြေကွဲ
ငါငိုနေဆဲ ယုံပါကောင်မလေးရယ်
ပြန်ဆုံနိုင်မယ့် ကံကိုငါတမ်းတတယ်
ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာ
ငါဟာအချစ်ပျောက်လိုက်ရှာရင်းနဲ့
လွမ်းနေဆဲ….

ပူလောင်ခြင်းတွေ ရင်ထဲပြည့်နေပြီ
ဒီဇင်ဘာညကို အံတုလို့နေသည်
ငါမလိုချင်သော ဒဏ်ရာလည်း
နာကျင်နေပြီပဲ

12:17 PM 3/23/2013

1 comment:

  1. သီချင်းတွေမှာ guitar chord မပါတာတွေတော်တော်တွေ့နေရပါတယ်အကို တက်နိုင်ရင် guitar chordပါတဲ့ သီချင်းစားတွေဆိုရင်တော်တော်ကိုအဆင်ပြေမှာပါ fri တွေကလည်း ပြောလွန်းလို့ အကြံပြု comment ရေးခဲ့ပါတယ် guitar သမားများအတွက် အဆင်ပြေအောင် ကူညီပေးပါဦးအကိုရေ

    ReplyDelete