Monday, March 25, 2013

ထားခဲ့နိုင်တယ်

ရေး - လင်းလင်း
ဆို - လင်းလင်း

ဘ၀ရဲ့ခဏမှာ
တစ်စုံတစ်ရာကမင်းနဲ့ငါ တွေ့ခွင့်ပြုတာ
ဘ၀ရဲခဏမှာ
တစ်စုံတစ်ရာကြောင့်မင်းနဲ့ငါ ဝေးလို့မဖြစ်ပါ

မင်းခေါင်းညိတ်ပါ
ဖြူစင်တဲ့အချစ်ရှိတယ် အားလုံးအထက်မှာ
မင်းရိုးသားပါ
ကံဆိုတဲ့သဘောတရားဟာ လူကလုပ်တာ

မရေရာတဲ့ အိပ်မက်ထဲမင်းအိပ်မနေနဲ့
မသေချာတဲ့ လူတွေစကားမင်းနားမယောင်နဲ့
ငါနဲ့မင်းအတွက်…

(ဘ၀အနာဂတ် ငါဖန်ဆင်းပေးနိုင်တယ်
မနက်ခင်းတွေလည်း ငါဖန်ဆင်းပေးနိုင်တယ်
အမှန်အမှားတွေလည်း ငါဖြေရှင်းပေးနိုင်ပါတယ်
နင်မယုံကြည်လဲထားခဲ့ပါ / နင်မယုံကြည်လဲထားခဲ့နိုင်တယ်)၂
နင်မယုံကြည်လဲထားခဲ့နိုင်တယ် အိုး….

မင်းခေါင်းမော့ကြည့်ပါ
တိမ်ဆိုတဲ့အငွေ့အသက်ဟာ မတည်မြဲခြင်းပါ
မင်းလက်ပိုက်ကာ
တွေဝေမနေနဲ့လမ်းရှိရာ တို့ရဲ့အသက်ပါ

(နင်မယုံကြည်လဲထားခဲ့နိုင်တယ်)၃
အိုး…. နင်မယုံကြည်လည်းထားခဲ့ပါ
(နင်မယုံကြည်လဲထားခဲ့နိုင်တယ်)

7:08 PM 3/23/2013

No comments:

Post a Comment