Friday, March 22, 2013

အရင်အတိုင်း


ရေး - ဝင်းမင်းထွေး
ဆို - ထူးအိမ်သင်

အရင်အတိုင်း လှတယ် နဂိုရ်အတိုင်းလှတယ် ဘာမှမပြုပြင်စမ်းပါနဲ့ (ဟင်း) မစိုးရိမ်နဲ့ဦး အရင်လိုနေစမ်း အကြင်နာတွေလဲမလျော့ပါဘူး (ဟာ) ဘာခါမှမဖြစ်ပါ ဘာဖြစ်ဖြစ်ကွာ ဘယ်ခါမှ မပြစ်ရက်နိုင်ပါ ဘူး (ဟင်) ကိုယ်ချစ်တဲ့အချစ်ကလေး ရေဆန်တွေ့ဦး အရင်လိုချစ်သွားမှာပါ

အရင်အတိုင်းလှတယ် မပြင်နဲ့ ဖက်ရှင်အသစ်အဆန်းထွင်ဖို့မလိုဘူး ရိုးရိုးလေး အလှသား ဖက်ရှင်မလိုဘူး ဆံပင်တွေအတိုတော့ မဖြတ်ပါနဲ့ (ဟာ) အပေါ်ယံအလှတို့မလို ချစ်ပြီးသားပါ စိတ်ရင်းအလှသာ တကယ်တမ်း ဟို (ဟင်) အချစ်ရဲ့အဓိပ္ပါယ် ဘယ်ခါမှမပြောင်း အရင်လိုချစ်သွားမှာပါ

အိုကွာသိပ်ချစ်တယ် မယိုင်လဲဘူးကွာ အချစ်ရဲ့ကတိဟာ သိပ်ခိုင်မြဲ ကိုယ့်ရဲ့အချစ်များ ဘယ်ခါမှမပြောင်း အရင်လိုချစ်သွားမှာပါကွာ အချစ်ဆုံးမင်းတစ်ယောက်တည်းသာ အစဉ်ချစ်နေ ဘယ်သူမှပြောင်းလို့မရပါဘူး ဪ အပြန်အလှန်အချစ်နားလည်ပြီး ယုံကြည်ခဲ့တယ် ဘာမှအနှောက်အယှက်မဖြစ်နိုင်ပါဘူး အိုကွာ

ဟန်ဆောင်အလှတို့မလို အမြဲချစ်ခဲ့တယ် ရိုးရိုး လေးသာတကယ့်အလှပဲ ဟင် အချစ်ရဲ့အဓိပ္ပါယ် ဘယ်ခါမှ မပြောင်း အရင်လိုချစ်သွားဦးမယ် ကွာ
11:45 PM 3/20/2013

No comments:

Post a Comment