ရေး - ဝင်းမင်းထွေး
ဆို - ထူးအိမ်သင်
ရင်၌ ဆူးရှ ဆန္ဒဆူး သွေးထဲ ဝဲလှည့်မှောင်တိုက်တွေ နွံနစ်နေပြီ အမြဲတမ်း မှားတဲ့အနာဂတ် များမြင်ခွင့်မရှိတဲ့ဟို အတိတ်ဆီအလိုမတူပဲ ပြန်လေပြီ ငါဟာ ငါမဟုတ်ဘူး ဒါငါ့အရိပ်တွေ
စွဲလမ်းမှုအတွက်တစ်ခါထပ်မှား အဆိပ်မှန်းသိလျက်ငါသောက်တယ် သံသရာအစွန်းရှည်နေပြီ ဒါဟာငါမဟုတ်ဘူး ဒါဟာ ငါ့အရိပ်တွေ
ဒါဟာအတိတ်ရဲ့အရိပ်အောက် (အာဟာ) ငါမဟုတ်ဘူး ဒါဟာ ငါ့အရိပ်တွေ ဒီအိပ်မက်ဟာ ဘဝတဲ့လား ဒီအိပ်မက် ဟာ ဘဝတဲ့လား ငါမဟုတ်ဘူး ငါမဟုတ် ဒီအိပ်မက်ဟာ ဘဝတဲ့လား အိပ်မက်လို ငါဆောက်တည်လို့မရနိုင်တယ် ငါခံစားနေနာကျင်တာ လား (ဒီအိပ်မက်ဟာ ဘဝတဲ့လား ငါမဟုတ်ဘူး ငါမဟုတ်ဘူး ဒီအိပ်မက်ဟာ ဘဝတဲ့လား)၂ ငါဟာ ငါမဟုတ်ဘူး ဒါဟာအတိတ်ရဲ့ အရိပ်အိုး
11:52 PM 3/20/2013

No comments:
Post a Comment