ရေး - ထူးအိမ်သင်+အမ်တွဲလီ
ဆို - ထူးအိမ်သင်
ရိုးသားလွန်းတဲ့မိန်းကလေးရယ်
သနားလိုက်တာကွယ် ဘယ်လိုဆိုးဆိုးကိုယ့်ကိုချစ်ရှာတယ် ကိုယ့်အနွံတာတွေခံပြီး အကြင်နာတွေသူပေးတယ်
ဖြူစင်သူလေးရယ် ကိုယ်မှားပြီကွယ်
ဝမ်းနည်းတတ်တဲ့မိန်းကလေးရယ်
ခွင့်လွှတ်ပါကွယ် ဘယ်လိုမိုက်မိုက်ကိုယ့်ကို ချစ်ရှာတယ် သူ့ရင်ခုန်သံတွေ နာကျင်စွာကိုယ်နားလည်
ရင်မှာကြေကွဲအောင်ခံစားသူရယ် အိုအို အို
ကိုယ်မှားတယ်
သူ့ရင်ထဲက
မျှော်လင့်ချက်ဘာမဆိုကိုယ်ဖြည့်ပေးမယ် သူ့နှလုံးသားလေးကိုယ်ချစ်တယ် ကောင်မလေးမငိုရဘူးကွယ်
ခွင့်လွှတ်တတ်တဲ့မိန်းကလေးရယ်
ချစ်လိုက်တာကွယ် ဘယ်လိုဖြစ်ဖြစ်သူ့ကို ချစ်နေမယ် သူ့အနွံအတာတွေခံပြီး အကြင်နာတွေ ပြန်ပေးမယ်
တစ်ချိန်ကအမှားတွေအတွက်
ကိုယ်တောင်းပန်မယ်
ငြိမ်းချမ်းလွန်းတဲ့ သူ့အရိပ်မှာ ချွေးသိပ်ဖြေမယ် တစ်သက်လုံးအတွက် သူ့ကို ကိုယ်ချစ်မယ်
8:55 PM
3/17/2013
No comments:
Post a Comment