ရေး - ထူးအိမ်သင်
ဆို - ထူးအိမ်သင်
မြစ်တစ်ခုလို
အချိန်များစီးဆင်းဆဲ လူ့ဘဝကို တို့ရရှိခဲ့တယ် လောကကို ပေးဆပ်ဖို့ပဲ ဘဝအတွက်နှစ်သိမ့်ခဲ့
ရေဆန်လေဆန် သည်ခရီးလမ်းထဲ လူ့ဘဝတစ်ခုတော့ အခိုင်အမာ
ဆောက်တည်မယ်
လောကမှာ ကိုယ့်အသက်ဆက်ဖို့အတွက်
အခြားဘဝတွေ ဆုံးရှုံးမသွားဖို့ပဲ နှလုံးသားမှာ သတိရှိနေ (အိုး) စွန့်လွှတ်ဖို့ အသင့်ပဲ
ကိုယ်ရည်ရွယ်တာတွေ မဖြစ်သေးလည်း
သန့်သန့်ရှင်းရှင်းအသက်ရှင်မယ်
လူ့ဘဝဟာ ရခဲလွန်းလှတယ်
ကိုယ့်ဘဝကို အလွဲသုံးစားမလုပ်နဲ့ တစ်နေ့နေ့ သေခြင်းတရားမှာ အားလုံး အဆုံးသတ်ရမယ် (အိုး)
ရှင်သန်ချိန်တွေ တိုတောင်းလွန်းတယ် မကောင်းမှုလုပ်ဖို့
အချိန်တွေနှမြောပါတယ်
(လောဘ ဒေါသမီးတောက်တွေ
မောဟ သောက မီးတောက်တွေ ငြိမ်းသတ်ရခက်ရင် သီချင်းလေးနားဆင်ဦး)၂ (နာရီရဲ့ သီချင်း) နာရီရဲ့
သီချင်းလေး သတိပြုပါကွယ်
8:47 PM
3/13/2013
No comments:
Post a Comment