ရေး - ထူးအိမ်သင်
ဆို - ထူးအိမ်သင်
သူပန်ထားတဲ့
ပန်းနီနီ နေရာခဏလဲချင်သည် ကြင်နာသူလေးလှဖို့ အစွမ်းကုန်ကြိုးစားမည် ရင်မှာဒီလောက်ချစ်ပါသည်
သူပျော်တာအမြဲတွေ့ချင်သည် သူ့အရိပ်ဖြစ်အမြဲရှိနေတတ်ပြီ
သူဆင်မြန်းတဲ့
ဖိနပ်နီနီ နေရာခဏလဲချင်သည် ကြင်နာသူလေး ခလုပ်မထိဖို့ကိုယ်ကြိုးစားမည် ရင်မှာဒီလောက်ချစ်ပါသည်
ဘာမဆိုကိုယ်အဆုံးရှုံးခံမည် အလှမ်းဝေးတဲ့ ပန်းကလေး မြနှင်းဆီ
ကျောင်းသွား
ကျောင်းပြန် အချိန်မှန်အမြဲ စောင့်လိုကြည့်သည် သူ့မျက်ဝန်းနဲ့ ဆုံရင် ရင်ခုန်သည် သူ့အပြုံးလေးများမြင်ရင်
အပျော်လွန်ပြီး အိပ်မရတော့ပြီ သိပ်ချစ်တဲ့ အကြောင်းတွေကို ကဗျာတွေရေးမည်
နေရိပ်မိုးတဲ့
ထီးနီနီ ရေရာခဏလဲချင်သည် ကြင်နာသူလေးအေးမြဖို့ကိုယ်ကြိုးစားမည် ရင်မှာ ဒီလောက်ချစ်ပါသည်
ဒါကိုသူလည်းသိနေပြီ တစ်နေ့နေ့တော့ ချစ်လာလိမ့်မည်
သူပန်ထားတဲ့
ပန်းနီနီ ကျွန်တော်ခဏဖြစ်ချင်သည် တစ်နေ့နေ့တော့ ချစ်လာလိမ့်မည်
8:54 PM
3/13/2013
No comments:
Post a Comment