ရေး - ထူးအိမ်သင်
ဆို - ထူးအိမ်သင်
ဘာကြောင့်များချစ်လဲ
ဒီလိုမေးရင်ခက်သားကွယ် အချစ်မှာ အကြောင်းပြချက်များမလိုဘူး ဟုတ်တယ် ဒါဆိုနားလည်နိုင်မလား
အချစ်လေး နှလုံးသားက သက်သေကွယ်
ဘယ်လောက်များချစ်လဲ
ဒီလိုမေးရင်ခက်သားကွယ် အချစ်မှာ နိုင်းဆချက်များမလိုဘူး ဟုတ်တယ် ဒါဆို မင်းငြိုငြင်မှာလား
အချစ်လေး နှလုံးသားက အတိုင်းအတာကွယ် ချစ်တယ်
မင်းလည်းအသိကိုယ်အသိပါကွယ်
တို့တတွေနှလုံးသားခြင်းသိနားလည် သိပ်ချစ်တယ် ပြောပြဖို့မလိုတော့ပါကွယ်/မလိုဘူးထင်တယ်
သိတယ် ရှင်းမပြနဲ့မောနေမယ်
ရင်ခုန်သံကြားရင်
ယုံကြည်လိုက်ပါ အချစ်ကလေးရယ် အချစ်မှာ ကိုးကားချက်များမလိုဘူး ဟုတ်တယ် ဒါဆို မင်းရီနေမလား
အချစ်လေး နှလုံးသားက ကျမ်းစာကွယ်
10:39 PM
3/15/2013
No comments:
Post a Comment