Thursday, March 21, 2013

ချစ်တိုင်းလည်းမညား


ရေး - ကလိုမှူး
ဆို - ထူးအိမ်သင်

သစ်ရွက်ကလေးတွေလည်း မြေမှာခလို့လွင့်ကြွေမြဲ အဖေါ်မဲ့နှုတ်ခမ်းများလည်း ညင်သာတီးတိုးရွတ်ဆိုဆဲ အနွမ်းပန်းများသည်လည်း ကြွေကာခမ်းခြောက်ရစ်ပြီကွယ် အချစ်ရဲ့လိပ်ပြာလေး
ဘယ်မှာ ပုန်းလို့နားပြီလဲ အဖော်ကွဲတဲ့ ငှက်ကလေးများ အပေါ်ကိုသာငေးကြည့်ရင်းနဲ့သာ နှလုံးသားမျက်ရည်များ ကျဆင်းလာ သူပေးတဲ့ချစ်အနမ်းများ ပြန်လည်ကာတွေးတော
စိတ်မောမိတာ အေးမြပါးပြင်သည် ပူနွေးလာ ကတိစကားများကိုလည်း မြေလှန်ပြန်ရှာရင်း ဘဝအသစ်များပေါ်လည်း ညင်သာစွာလျှောက်လှမ်းရင်း

ချစ်တိုင်းလည်းမညား စကားကိုသာ တီးတိုးရေရွတ်မိတာ ကိုယ့်နှလုံးသားအသဲအိမ်မှာ အချစ်များစွာ သူပေးတဲ့အချစ်များကိုသာ ထွေးပိုက်နေတုန်းအခိုက်မှာ
ကိုယ့်နှလုံးသားအသည်းတစ်နေရာ သူပေးတဲ့ဒါဏ်ရာများ အိုး အချစ်

credit

No comments:

Post a Comment