ရေး - ဝင်းမင်းထွေး
ဆို - ထူးအိမ်သင်
အချစ်ရဲ့အကြောင်းအစက ကိုယ်ယုံမှားခဲ့တယ် တခြားကိုယ်သိခဲ့တယ် ယုံကြည်တာတွေ တလွဲပဲ အချစ်ရဲ့အကြောင်းများ လုံးဝယုံပြီး ထားခဲ့တယ် အမြဲတမ်း ကိုယ်ပျော်မွှေ့ခဲ့တယ် သေလွန်ချိန်ထိမှားမလား
တို့များအချစ်ဟာ မီးတွေတောက်ခဲ့ ငြိမ်းချမ်းခြင်းဝေးအပြစ်ရဲ့ သားကောင် ကျိန်စာတွေ့ကိုယ် သင့်ခဲ့သလား ဒီအချစ်ဟာ အဓိပ္ပါယ် ကင်းမဲ့ အချစ်ရဲ့အကြောင်း
တို့များအချစ်ဟာ မီးတွေတောက်နေခဲ့ ကိုယ်ဟာ မီးများကျွမ်းသွားမလား အသည်းမီးများကိုယ် ငြိမ်းအောင်သတ်မလို့ ဘဝကိုအသစ်ပြန်စမလို့ အချစ်ရဲ့အကြောင်း
(အား) ဆွတ်ပျံဖွယ် ဖြစ်သင့်တယ် နှလုံးသားရဲ့ အနုအရွများ အိုလှပသော အကောင်းဆုံး တွေ့ရှိနိုင်မလား အချစ်ရဲ့အကြောင်း (အား) အဓိပ္ပါယ်ကောက်ယူမှားလွဲခဲ့သလား အသည်းတွေပျက်ကြေပြုန်းပြီး ကွဲအက်ခဲ့ အိုဘဝများ ပျက်သွားမလား
အို နှလုံးသားတွေကွဲအက်ပြီး အသည်းထဲမှာ အမြဲတမ်းခွဲတဲ့မီး ကိုယ်ဘာတွေဆုံးရှုံးမလဲ အိုး ရေး
10:57 PM 3/20/2013
No comments:
Post a Comment