ရေး - ဝင်းမင်းထွေး
ဆို - ထူးအိမ်သင်
ဓါးသွားများက အိုး ပန်းတွေလိုပွင့် မင်းကိုလက်တွဲခေါ်မယ့်လမ်းများ သွားရဲမှအားလုံးရမယ် မင်းယုံကြည်မှ အနာဂတ် မင်းမျှော်လင့်သမျှ အကုန်ဖြစ်လိမ့်မယ် (အား)
စွန့်စားရဲမှ မင်းဆုံးဖြတ်ဖို့ သွားသွား (သွား သွား)၂ မပူပါနဲ့အချစ်ရှိတယ် (မပူပါနဲ့အချစ်ရယ်) မင်းရှေ့ကလျှောက်မယ် အချစ်ရေ မကြောက်ပါနဲ့ လူ့ဘဝဟာ သိပ်ရှုပ်ပွေလမ်းမလို့ သြော်
အချစ်နဲ့တို့စွန့်စား (အား) တစ်ယောက်နဲ့တစ်ယောက်မခွဲအတူပေါ့ အဆိပ်သင့်နေတဲ့ မိုးရေစက်တွေကြားမှာ သွားကြစို့ လာသွားမယ်ဟေ့ (အူး) (ဟူး) ဩော် (အူး) အား သွားကြစို့
သံသယ တံခါးများလည်း ဖြတ်ကျော်လာခဲ့ သစ္စာတရားလည်း ပိုအားကောင်းသွား ဒီကမ္ဘာမှာ ကောက်ကျစ်မှုတို့ လုံးဝမရှိတဲ့ အချစ်နယ်မြေသစ် မင်းရောက်သွား အချစ်ရယ် (အား) စွန့်စားရင်းနဲ့ လက်တွဲသွားမယ် လာဟေ့ (သွား သွား)၂ မပူပါနဲ့ချစ်သူလေး
အချစ်နဲ့တို့စွန့်စား (အား) တစ်ယောက်နဲ့တစ်ယောက်မခွဲအတူပေါ့ အဆိပ်သင့်နေတဲ့ မိုးရေစက်တွေကြားမှာ သွားကြစို့ လာသွားမယ်ဟေ့ (အူး) (ဟူး) ဩော် (အူး) အား သွားကြစို့
သံသယ တံခါးများလည်း ဖြတ်ကျော်လာခဲ့ သစ္စာတရားလည်း ပိုအားကောင်းသွား ဒီကမ္ဘာမှာ ကောက်ကျစ်မှုတို့ လုံးဝမရှိတဲ့ အချစ်နယ်မြေသစ် မင်းရောက်သွား အချစ်ရယ် (အား) မင်းလေးအမြဲတမ်း ငြိမ်းချမ်းရအောင် အရူးအမူး (သွား သွား)၂ မပူပါနဲ့ ချစ်သူလေး မင်းဘဝနဲ့ ငါ့ဘဝအသက်ဟာ ဆက်နေတယ်
အချစ်နဲ့တို့စွန့်စား (အား) တစ်ယောက်နဲ့တစ်ယောက်မခွဲအတူပေါ့ အဆိပ်သင့်နေတဲ့ မိုးရေစက်တွေကြားမှာ သွားကြစို့ လာသွားမယ်ဟေ့ (အူး) (ဟူး) ဩော် (အူး) အား သွားကြစို့
(ရိုက်ထားတာ မှားရင်လည်း စိတ်မရှိကြနဲ့ဗျို့၊ ကျွန်တော်ဒီသီချင်းမရဘူး၊ လိုချင်တဲ့သူရှိရင် ယူနိုင်အောင် စာအုပ်ဟောင်းတစ်ခုက ကူးထားတာ)
11:16 PM 3/20/2013
No comments:
Post a Comment