Thursday, March 21, 2013

ဂျူးလီးယက်


စကားလုံး - ညီသစ်
သံစဉ် - ဝိုင်းဝိုင်း
ဆို - ဝိုင်းဝိုင်း

အရာရာရင်ဆိုင်ကျေနပ် မယ့်စိတ်တွေ ငါရရှိခဲ့ပြီ
ရင်ကိုထာဝစဉ် ချိုမြတဲ့အပြုံးတွေနင်အမြဲပေးလည်း
ဘာအတွက်ကြောင့်များ နင့်နားမလာနိုင်ရဲလည်း
လမ်းတစ်ဝက်မှာ တွေဝေရင်း မိုးတိတ်နေဆဲ
တစ်ချိန်မှာပျော်ရွှင်ကြည်နူးမဲ့ နေ့တွေ ငါတမ်းတတယ်
ရင်ကိုနာကျင်ခြေမွမဲ့ တံခါးတွေ နင်ဖွင့်လိုက်တော့
ဘဝသစ်စရင်း အချစ်များအတူဖန်ဆင်းဖို့
မင်းဘေးမှာငါနေရင်း ရှင်းပြချင်တယ်
ဂျူလီယက် နှစ်သိမ့်ခွင့်ပေးလည့်ပါကွယ်
ဂျူလီယက် ငါ့ရင်ကိုလာကြည့်လှည့်ပါ
ဂျူလီယက် အေးစက်စက်ဆောင်းညတွေမှာ
အို/အထီးကျန် ငါ့အမှားတွေ
ခွင့်လွှတ်ဖို့တောင်းပန်တယ်/ ခွင့်လွှတ်တော့
ငယ်စဉ်ဖြူစင်သန့်ရှင်းတဲ့ အချစ်တွေ အရောင်ဆိုးခဲ့တယ်
တစ်ခါတစ်ရံ ကိုယ်စီဖြေမရတဲ့ အမှားတွေ ရှောင်လွှဲမရခဲ့
ဖြေရှင်းဖို့ခက်ခဲ မဆိုင်တဲ့ မာနများနဲ့
အမှားအယွင်းတွေ တူညီပေမယ့် အရှုံးပေးပါတယ်

No comments:

Post a Comment