Thursday, March 21, 2013

ပြန်လာပါစိတ်ပူတယ်

ရေး - မြင့်မိုးအောင်
ဆို - ဝိုင်ဝိုင်း

နွေညများရယ် ကုန်ခဲလှတယ် ပူလောင်အိုက်စပ် တိုက်ခန်းထဲမယ်
ငါလေ ဖယောင်းတိုင်ငယ်လေးထွန်းကာမျှော်နေစဲပါကွယ်
ဒီမှာ မနက်စာတွေ မလတ်ဆတ်ခဲ့ မပြင်ဆင် တွန့် ကြေအဝတ်အစားများနဲ့ 
အဆင်မပြေဘူး မင်းမရှိတော့ ငါတစ်ယောက်တည်းနဲ့ 

လမ်းဖြတ်ကူးလည်း ဘယ်သူလက်တွဲမလဲ
မသိစိတ်မှာ အမြဲတမ်းကပ်ငြိ မင်းရဲ့ အရိပ်တွေနဲ့ 

ပြန်လာပါကွယ် စိတ်ပူတယ်
ဆက်ပြီး မရက်စက်ပါနဲ့ 
ဒီလို အကျည်းတန်ဘဝထဲမှာ
ငါ အထီးကျန်တစ်ယောက်တည်းပါ
ထပ်ပြီး…   မနှိပ်စက်ပါနဲ့ 
(တောင်းပန်လိုက်တယ် )

လူတွေကြပ်တဲ့ ဘတ်စ်ကားကြီးထဲ
အတူတူစီးတာ ပြန်သတိရတယ်
ရန်ကုန်မြို့ လယ် ပလက်ဖောင်းဈေးထဲ
အတူလည်ဖူးပါတယ်
အတူတူစားတဲ့ ကန်တင်းလေးရယ်
အတူတူသွားတဲ့ ဘုရားပုထိုးရယ်
မြင်ယောင်ပြီးတော့လွမ်းဆွတ်အချိန်တိုင်းပဲ
ဆက်ပြီး…  ထပ်ပြီး…




No comments:

Post a Comment