ရေး-
ဆို-စိုင်းထီးဆိုင်
KEY:C/COUNTRY FoXTROT
INTRO| C- - -| - -|
- - | C7 - - -| F - - -| -- | -- | G7 - - - | - - |
C F C Dm
ဒီနေ့ တနင်္ဂနွေနေ့ ကျွန်တော့်
ကိုးနှစ်မြောက် မွေးနေ့ဆိုပဲ
G7 C Em F
ကျွန်တော့်ကိုရည်စူးကာ
အဖေလေ ဘုရားရှင်ထံတော်ရှင်ရှေ့
Dm Am Em
မကြာခင်မှာ ရောဂါပျောက်ပြီး
ကျန်းမာလာအောင်
F G7 F G7
သက်စေ့လှူကာရယ် ဆုတောင်းပန်ချွေမယ်
C Am C
CHO: အဖေရောက်တဲ့အခါ ပြန်နိုးပါနော်
ကျွန်တော်ဆော့ဖို့
Em F C Am
ဖေဖေကစားစရာအရုပ်ကလေးတွေ
ဝယ်ခဲ့တယ် ဇီးကွက်
Dm C Em
ရုပ်ဆို လာဘ်ရှိသတဲ့ ခေါင်းရင်းနားမှာထားဖို့တဲ့
Am Em G7
ကျွန်တော်ကတော့ သိပ်မယုံဘူး ဖေဖေကတော့
F G7
ရှေးအဘိုးကြီး မဟုတ်လား INTRO
-
အမေရှိတုန်းကဆိုရင် ကျွန်တော်တို့ဘဝ ဒါလောက်
မကျပ်တည်းပါဘူး စားစရာကအစ ဝတ်စရာအထိအလုံးစုံ
မပူပင်ရ အမေသေတဲ့နောက်မှာ အဆင်မပြေမှုတွေဆက်ပြီး
အဖေ့လုပ်စာတခုလည်း ဝမ်းဝရုံလောက်ပဲ
CHO: အဖေရောက်တဲ့အခါ ပြန်နိုးပါနော် ကျွန်တောဖျားမှ
ဖေဖေ သိပ်နောင်တရသွားတယ်တဲ့ ဟိုတုန်းကဆို
အရက်သမားတဲ့ လခထုတ်တိုင်း ဖဲရိုက်သတဲ့ကျွန်တော့်
အဖျားလေး မပျောက်ချင်နေ အဖေပြန်မမိုက်ရင်
ဖျားရကျိုးနပ်ပါတယ်
-
ဟိုလမ်းမဘက်ကိုလေ ဆရာမရေ တဆိတ်လောက်
ကြည့်ပေးပါဦး ခုချိန်ဆို ရောက်တောင်
နေပြီလားလေ
မဆိုတတ်ဘူး တခါတလေလည်း ဧည့်ချိန်ကျော်ရင်
ကျွန်တော့ဖေဖေက စည်းကန်းရိုသေတော့
ဖွင့်ခိုင်းရဲမှာ မဟုတ်ဘူး
CHO: အဖေရောက်တဲ့အခါ ပြန်နိုးပါနော် ကျွန်တော်ခုတော့
ရင်မှာ အသက်ရှူနည်းနည်းကျပ်လာလို့
ဟိုးတုန်းက
ဆရာမပေးတဲ့ အမောပန်းပျောက်တဲ့ဆေးပြားလေး
ကျွန်တော်သောက်ပြီးမှေးနေမယ် အဖေအပြင်ထွက်ရင်
အမြဲပဲ သိပ်ကြာတယ်
ဆရာမCHO: အဖေရောက်တဲ့အခါ
ပြန်နိုးပါတယ် ခုများတော့
မျှော်လင့်ရင်းနဲ့ အိပ်စက်အနားယူခဲ့ပြီး နှုတ်ဆက်ခွင့်
လေးရမသွားလို့ဘ၀ကူးမှဖြောင့်မလားလို့
ဆရာမလေး တွေးကာပူ နေရာချင်းခဏ လဲပေး
လိုက်ချင်တယ် အဖေရောက်တဲ့အခါ ပြန်နိုးပါနော်
No comments:
Post a Comment