ရေး - သားစိုး
ဆို - သားစိုး
လိမ်နေတဲ့လူတွေမျက်လုံး
ကျွန်တော်သိတယ် ကျွန်တော်ကြည့် တယ် ညာနေတဲ့လူတွေပါးစပ် ကျွန်တော်တွေ့တယ် ကျွန်တော်မမေ့တယ်
ယုတ်မာတဲ့ လူတစ်ချို့ကအပုပ်မစားဘူး ကောင်းတာစားတယ်
ကောင်းတာစားတိုင်းမယုတ်မာပါဘူး
သူတောင်းစားတိုင်းတောင်းမစားဘူး မစားဖူးဘဲ မကြားဖူးဘဲ လူတိုင်းပြောတာ သိပ်မယုံပါနဲ့
မသွားဖူးဘဲ မလာဖူးဘဲ ကြားဖူးနားဝလျှောက်မဖြီးပါနဲ့ မသိသေးဘဲ မတတ်သေးဘဲ တတ်ချင်ယောင်ဟန်မဆောင်နဲ့
လိမ်နေတာကို ဘယ်သူမှမသိပေမယ့် ကိုယ့်ကိုတော့ကိုယ်သိပါတယ် လူတစ်ချို့က မချို မချဉ် မစပ်အနေတော်ကိုစားချင်ကြတယ်
လူတစ်ချို့ကချဉ်ချဉ်စပ် ရူးရူးရှားရှား စားချင်ပြန်တယ် လူတစ်ချို့ကြ ချိုချဉ်စပ် အရသာစုံကို
ကြိုက်နေ ပြန်တယ် အကြိုက်ချင်းမတူ သိကြားမင်းတောင် ဆင်းမကုနိုင်ဘူး ခင်ဗျားတို့သိတယ်
ဒီကျွဲကပိန်နေလိုက်တာ ဟိုကျွဲက ဝလွန်း ပြန်တယ် ဒီကားက သိပ်အဆင်မပြေဘူး ဒီနေရာမှာ မနေချင်ပြန်ဘူးဒီအဝတ်က
ဝတ်လို့မကောင်းပါ ဒီဖိနပ်က စီးလို့မတော်ပြန် လောဘနဲ့ မောဟကြောင့် လူတွေဘယ်တော့မှ အဆင်မပြေတစ်ကမ္ဘာလုံးမှာ
စစ်ဖြစ်ပြီးရင်တော့ ဘုရားရှစ်ခိုးအမှားကိုမြင် အမှန်ကို ပြင်မလို့ အမှန်တွေချည်းလုပ်ပြန်ရင်လည်း
လူမို့လို့ အမှားကမကင်း အမှားမကင်းပဲ လူဖြစ်ခဲ့တော့ အများတွေလုပ် အာပတ်ဖြေပေါ့
ဘုရားမကြိုက် တရားမကြိုက်
မဟုတ်မှန်တာကို လုပ်နေကြတယ် ဘုရားမကြိုက်တဲ့ တရားမကြိုက်တဲ့ မကောင်းတာတွေ ကိုလုပ်ကိုင်ကြတယ်
ဘုရားတရားက ဘာလို့မကြိုက်လဲ စဉ်းစားရင်းတွေးကြည့်တော့ လူတွေက ကြိုက်နေလို့လား ကြိုက်နေတဲ့
လူတွေထဲ ကျွန်တော်ပါသလား မသိချင်ပါနဲ့ ကြပိုက်နေတဲ့ လူတွေထဲ ခင်ဗျားတို့ ပါသလား ကျွန်တော်မသိချင်ဘူး
လောကမှာလူဖြစ်ကတည်းက ကိုယ့်ခြေထောက်ကိုယ်ရပ် အရွယ်ရောက်ပြီး ကိုယ့်အတွေးကိုယ်နေ လူချင်းမတူ
ကိုယ်လုပ်ချင်တာ ဖြစ်အောင်လုပ်နေ လုပ်ချင်တာ လုပ်တိုင်းလဲ မိုက်ရိုင်းပြီး သွားမထိခိုက်နဲ့
လုပ်နေတာက ဟုတ်လား
မဟုတ်လား မဟုတ်လား ဟုတ်လား
ဂရုမစိုက်နဲ့ လူတွေပြောတာ ဟုတ်သလို မဟုတ်သလို အတွေးတွေ ဝေဝါး ကြိုးတွေးရှုပ်လို့ဖြတ်ပစ်
နောက်တစ်ဆင့် ဓါးတစ်ချောင်းကိုသွေး ပတ်ပတ်လည်းလှီးပြီး အားလုံးကိုရှင်ပစ် ဆရာတစ်ချို့ကဆုံးမ
တစ်ချို့ချို့တွေက မိန့်ခွန်းချွေ မိဘတွေလဲ ဆုံးမတတ်တယ် မင်းတို့ကောင်းဖို့ဆုံးမတာပါ
ကျွန်တော်တစ်ခုတော့ မေးချင်ပါတယ် ကိုယ့်မျက်ချေး ကိုယ်မြင်ကြပါသလား
No comments:
Post a Comment