ရေး - မြင့်မိုးအောင်
ဆို - ချစ်စနိုးဦး
ရေအိပ်မက်ဆိုတာဘဝနဲ့
သိပ်ဝေးလွန်းတာ ငါသိထားတယ်
ဒါပေမယ့်
မင်းစိတ်မှာ ဆန္ဒတွေသိပ်ပြင်းပြရင်(ပိုင်ဆိုင်နိုင်ရမယ် ရွှေရောင်အိပ်မက်တွေ)၂
(အနိုင်ယူလိုက်ဦး
ဘယ်လိုတွေခက်ခဲပါစေ အတူတူကျော်ဖြတ်ချင်တယ်
အို နောက်မဆုတ်ကြေးဟေ့)၂
အချိန်နာရီစက္ကန့်တွေဟာ
အဖိုးတန် သိပ်ရှားလွန်းတာ ငါသိထားတယ်
အတူတူအားပေးနေမယ်
မင်းရဲ့အနီးဆုံးမှာ
(ရင်ခုန်သံမျှဝေ
ဒဏ်ရာတွေမျှဝေ)
(နောက်မဆုတ်ကြေးဟေ့)၂
No comments:
Post a Comment