ရေး - လင်းလင်း
ဆို - လင်းလင်း
ငါ့ဦးခေါင်းထက် သစ်ရွက်တွေ
ကြွေကျကာမှ ငါသိလိုက်လေပြီ/တယ်
သတိရလိုက်မိ အတိတ်ရဲ့နွေဆီ
လဲကျလုမတတ် ငါ့ခြေထောက်တွေ
ယိုင်နဲ့ကာ ရှေ့ကိုငါတိုးမရပါ
တမ်းတမိလိုက် မင်းအရိပ်တွေဆီ
ဒီရင်ခွင် ဝဲဘက်မှာ ပူနွေးဆဲပါ
ဟိုအရင် အတိတ်နွေဟာ အခုထိတိုင် ပူနွေးဆဲပါ
ဒီအချိန်အထိမျှော်နေမိ
ဒဏ်ရာဟောင်းတွေကြား ငါလူးလာကာ/မွန်းကြပ်သိပ်ကာ
ပုံရိပ်များး အရင်အတိုင်း
ဒီရင်ငွေ့တွေနွေးပူဆဲပါ
မနေ့ကဖြစ်တဲ့ အဖြစ်အပျက်တွေလို
ဟိုအတိတ်တွေ အခု ဒီမျက်လုံးထဲမှာ
မိုးချုပ်ညနက်နေထွက်လာသလို
ရူးနှမ်းခြင်းလား မသိတော့ပါ
ငြိမ်သက်အောင် ငါ့ကိုယ်ငါထိန်းမရပါ
ဆန်းပြားလွန်းတဲ့ အဆိပ်မိနေသူ
No comments:
Post a Comment