Sunday, March 24, 2013

The Sign of Love

ရေး -
ဆို - ဖြူဖြူကျော်သိန်း

ဆက်ပြီး ပြောပြချင်နေတယ်
အသည်းထဲက အချစ်ကို မင်းယုံကြည်ဖို့အတွက်
စကားလုံးများစွာ ပြောပြနေလည်းပဲ
အခုထိ မဆုံးနိုင်သေးဘူး
ပြောရမယ့် စကားလေးတွေ မဆုံးသေးဘူး

ဆက်ပြီး ရေးဖွဲ့ချင်သေးတယ်..
လွမ်းရတဲ့အကြောင်းတွေ
ချစ်သူရဲ့ အနားကို
သီချင်းလေးများစွာ
ရေးဖွဲ့ဆိုပြလည်း အခုထိ မဆုံးနိုင်သေးဘူး
လွမ်းရမယ့်အကြောင်းလေးတွေ မဆုံးသေးဘူး

ကြယ်တွေကို မေးမယ်
ကမ္ဘာမြေဆုံးတဲ့အထိ တို့ ရှိဦးမလား
အားလုံးပျောက်ကွယ်သွားလည်း
ရင်ထဲမှာ တို့ရဲ့ အချစ်တို့က
မဆုံးဘူး..

ဆက်ပြီး သွားခဲ့ချင်ပါတယ်..
အိမ်မက်ရဲ့လမ်းတွေ ဆုံးမယ့် အချိန်လေးအထိ
မင်းလေးနဲ့အတူ လှမ်းလျှောက်နေလည်းပဲ
အခုထိ မဆုံးနိုင်သေးဘူး
တို့ရဲ့ အိမ်မက်လမ်းတွေ မဆုံးသေးဘူး

ဗီဒီယိုနဲ့ ကြည့်ချင်သူများအတွက်ကတော့

4:49 PM 3/20/2013

No comments:

Post a Comment