ရေး - လင်းလင်း
ဆို - လေးဖြူ
မင်းရဲ့အနမ်းတရှိုက်နဲ့
ငါ့ရဲ့အနမ်းတရှိုက်နဲ့
ခံစားချက်တူညီ
ရှိခဲ့တဲ့နောက်
မင်းရဲ့အတွေးများနဲ့
ငါ့ရဲ့အတွေးများနဲ့
အနာဂတ်သစ်တူညီ
ထားခဲ့တဲ့နောက်တော့
ခမ်းနားခြင်းကင်းမဲ့
အရိုးသားဆုံးခရီးတစ်ခု
ငါတို့နှစ်ယောက်ကိုယ်တိုင်
ရွေးထားခဲ့ပြီး
သဘောထားများအပြည့်နဲ့
ဆူးလမ်းများနင်းဖြတ်
ဘာဖြစ်ဖြစ်ပါကွယ်
ခရီးများအဆုံးထိလျှောက်
အဆိုးများကြုံကြိုက်တုန်းမှာ
ဒုက္ခတွေဟာ
ခဏပါ
အနမ်းများကို
အသက်သွင်းကာ ခရီးများအဆုံးထိလျှောက်
လက်တွေ့ဟာရင်ဘတ်မှာ
လမ်းဆုံးဟာ ခဏလေးပါ
အနမ်းများကို
အသက်သွင်းကာ
ခရီးများအဆုံးထိလျှောက်
ခရီးများအဆုံးထိလျှောက်
အူး
ခရီးများအဆုံးထိလျှောက်
No comments:
Post a Comment