Monday, March 25, 2013

လူချွန်လူကောင်း

ရေး - မြို့မငြိမ်း
ဆို - သုမောင်

ရှုမဆုံးတော့သည်.. စိမ်းလဲ့လဲ့ နှစ်စဉ်
လယ်ကွင်းတွေက တစ်မျှော်တစ်ခေါ် စိုပြည်လွင်
ရိတ်သိမ်းချိန်ဆိုပြန်လျှင် ၀င်းမြည့်ရွှေစင်အိလို့ပင်

စပါးအနှံတွေနဲ့ အသီးတွေ သန်မြန်အောင်မြင်

မနက်ခင်း စိတ်ရွှင်.. လန်းကြစေ ဆွဲငင်
ဥသြသံတွဲ့ နာပျော်ဖွယ်ကြည်ကြည်လင်
လုပ်ငန်းကို ကိုယ်စီဝင်
စက်ရုံကြီးငယ် အရပ်ရပ်တွင်
ကြည်းရေတစ်ခွင်က အရောင်းအ၀ယ်
စုန်ဆန် သာစည်ပင်.

လူချွန်လူကောင်းများတို့ ပေါင်းစုအားတွင်
မြို့မမိတ်ဆွေတွေကို ကြည်ညိုစွာ မြင်လိုက်ချင်
ဗမာ့သားကောင်းများကို အဆိုအတီးမှုနဲ့ပင်
ရိုသေခင်မင် အားတက် အလေးပြုလျက်ပဲ အစဉ်

ကစားခုန်လွှား စွမ်းအားဘက်တွင်
စံချိန်ရင်ဘောင်တန်းလိုက်လို့ ယှဉ်
ခေတ်မီမီ ကမ္ဘာကြီးကြည့်မြင်
သန်မြန် ယောကျာ်းဘသားပင်

လျှပ်စစ်အား အသုံးများတဲ့ပြင်
တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတစ်ခွင်
သစ်ပင်တွေ မြေတွင်းဓာတ်တွေ
ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်

ကမ္ဘာမြေ ပထ၀ီဝင် ကမ္ဘာ့သမိုင်း ရာဇ၀င်
သုံးသပ်လေ့လာသင်
အကြံဥာဏ်ဝေဖန် မြော်လို့မြင်
ငါတို့ ပြည်ထောင်စုတွင်

ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းနှင်
မြေပြင်လေပြင် နှံ့စပ်စုံလင်
တို့လူချွန်လူကောင်း အစုတွင်
ပါဝင်တစ်ယောက်ဆို တစ်အားပင်

(ဆရာဝန် ပညာတွေသင်
ခေတ်ရောရှေးမီ သမားကျော်များပင်
လူထုကို ကိုယ်နဲ့ထပ်တူ ချစ်ခင်ရင်ဝယ်သား
ညွှန်ကြားညွှန်ကြား
သန်ထွားကျန်းမာ ကြံ့ခိုင်အားအင်)၂

(ကလေးလေးတွေ ပညာရရှိဖို့တော့
ဘမိပုံသွင် အာစရိတွေပင်)၂
လူချွန်လူကောင်းလေးတွေ ဖြစ်အောင်
မြေတောင်မြှောက်ကာ မြှင့်တင်

ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းနှင်
မြေပြင်လေပြင် နှံ့စပ်စုံလင်
တို့လူချွန်လူကောင်း အစုတွင်
ပါဝင်တစ်ယောက်ဆို တစ်အားပင်

(ဆရာဝန် ပညာတွေသင်
ခေတ်ရောရှေးမီ သမားကျော်များပင်
လူထုကို ကိုယ်နဲ့ထပ်တူ ချစ်ခင်ရင်ဝယ်သား
ညွှန်ကြားညွှန်ကြား
သန်ထွားကျန်းမာ ကြံ့ခိုင်အားအင်)၂

(ကလေးလေးတွေ ပညာရရှိဖို့တော့
ဘမိပုံသွင် အာစရိတွေပင်)၂
လူချွန်လူကောင်းလေးတွေ ဖြစ်အောင်
မြေတောင်မြှောက်ကာ မြှင့်တင်

ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းနှင်
မြေပြင်လေပြင် နှံ့စပ်စုံလင်
တို့လူချွန်လူကောင်း အစုတွင်
ပါဝင်တစ်ယောက်ဆို တစ်အားပင်

7:15 PM 3/23/2013

1 comment:

  1. ကျေးဇူးပါပဲခင်ဗျာ... :)

    ReplyDelete