ရေး -
ဆို - ဖြူဖြူကျော်သိန်း
အတူလက်တွဲခဲ့တဲ့ ချစ်သူ အတူစွန့်စားခဲ့တဲ့ ချစ်သူ
ကိုယ့်ရဲ့အနားမှာအမြဲရှိသူ
ရေဆန်လမ်း မုန်တိုင်းထဲမှာ ရင်ဆိုင်ဖို့ နောက်ဆုတ်သွားပြီ
လမ်းတစ်ဝက်ရောက်မှ ထားခဲ့တော့မလားလေ
မင်းအချစ်တွေ ပြောင်းလဲနေပြီလား ယုံကြည်ချက်တို့ မြေမှာလဲပြို
ခုတော့ အားလုံးပဲ စွန့်လွှတ်ပြီလား ကိုယ့်အိပ်မက်တွေ မျှော်လင့်ခြင်းတွေ
ပြန်ရုပ်သိမ်းခဲ့တဲ့ မင်းရဲ့ကတိတွေ အပြစ်မတင်ရက်ပါ ကြင်နာသူရေ
သွားမယ်မင်းမရှိတဲ့ နေ့ရက်ထဲ မင်းမရှိတဲ့ လမ်းမထက်မှာ
ရင်ဆိုင်မယ် တစ်ယောက်တည်း ငါလေနာကျင်စွာ ရှင်သန်မယ်
တို့နှစ်ယောက် ပြန်မဆုံတော့ဘူး အိုး ဟိုမှာတို့နှစ်ယောက်ရဲ့လမ်းခွဲလေး
မေ့နိုင်အောင်ကြိုးစားဖို့အတွက် သိပ်ခက်နေပြီလေ
ဟိုမှာတို့နှစ်ယောက်ရဲ့ လမ်းခွဲလေး နောက်ထပ် ပြန်မလာတော့ဘူး

တို့နှစ်ယောက် ပြန်မဆုံတော့ဘူး အိုး
နောက်တစ်ခါတို့ ပြန်မဆုံနိုင်တာ
အသည်းမှာ သိနေပြီကွာ
4:29 PM 3/20/2013

ကျွန်တော်အရမ်းကြိုက်တဲ့သီချင်းလေးပါ
ReplyDelete