Tuesday, March 19, 2013

မယ်တင်



ရေး - အရိုး
ဆို - ဟန်ထူးလွင်

အရင်လိုပဲ ဖုန်တွေကြားထဲ ယိုင်တိုင်တိုင်လည်းကြီမောင်းရင်းနဲ့
အရင်လိုပါပဲ အသံကြောင်တတ်တဲ့ မယ်ဒလင်လက်သံစမ်းနေခဲ့
အရင်လိုပါပဲ ချဉ်ပေါင်ဟင်းနဲ့ကြုံရာဝါးပြစ်တဲ့ ဝါးရင်းနဲ့
အဆင်ပြေရင်လည်း ငါတွေးနေရင်းနဲ့ မယ်တင်နင်ငါ့ကိုလွမ်းပါရဲ့
ရောင်နီလာမဲ့ မိုးသောက်တိုင်းငါလွမ်းတယ် နေနီရင်လည်း ထမ်းတော
ထဲက လွမ်းတယ် တောင်ပေါ်တတ်ရင်း ဖက်ခုတ်ရင်းငါလွမ်းတယ်
မယ်တင်နင်လည်း ငါ့ကိုမမေ့ပါနဲ့
အရင်လိုပါပဲ အိမ်ခေါင်မိုးလည်း ကြယ်ရောင်စုံလင်းလက်တောက်ပဆဲ
အိမ်ပေါ်မှာလည်း ငါခေါ်တင်ထားတဲ့ ပိန်ညောင်ညောင်
ခွေးတစ်ကောင်ရောက်နေတယ်
မရည်ရွယ်ပါဘဲ ပေါင်ဖြစ်သွားတဲ့ နင်မှန်မှန်ချက်တဲ့ ထမင်းအိုးလည်း
အဆင်ပြေမှပဲ ငါပြန်ရွေးမယ် မယ်တင်ငါ့ကို စိတ်မကုန်နဲ့
ဆီကုန်နေတဲ့မီးခွက်ကြီးလည်း လွမ်းတယ် ယောင်ချာချာနဲ့ ဝက်မကြီးလည်း
လွမ်းတယ် ဖုန်တင်နေတဲ့ ကျောက်ပြင်ကြီးလည်း လွမ်းတယ်
မယ်တင် ငါလည်း နင့်ကိုလွမ်းပါရဲ့
ဒီလိုနဲ့ပဲ ရွာမှာရှိတဲ့ လူတွေက မေးငေါ့နှခေါင်းရှံ့ခဲ့
နင်ပြန်လာမှ အကုန်လိုက်တောင်းမဲ့ ငါယူတဲ့အကြွေတွေဝိုင်းနေတယ်
အရင်လိုပါပဲ ရွာအဝင်လမ်းထဲ ငါမှုင်တွေငေးမောရင်နဲ့ပဲ
အဆင်ပြေရင်တော့ ငါသိပ်လွမ်းလို့ အိမ်အပြန်နင့်ကိုတွေ့ချင်ရဲ့
အလူတွေကလည်း အကြွေးတောင်းရအောင် လွမ်းမယ်
ဗီဒီယိုရုံက ဦးတုတ်ကြီးလည်း  လွမ်းတယ်
ရွာသူတွေလည်း အတင်းပြောရအောင်  လွမ်းတယ်
မယ်တင် ငါလည်း နင့်ကိုလွမ်းပါရဲ့

No comments:

Post a Comment