Thursday, March 21, 2013

မရှိ


ရေး - ထူးအိမ်သင်
ဆို - ထူးအိမ်သင်

စက္ကန့်မိနစ် နာရီတွေကြားမှာ အားလုံးဟာ အတ္တချည်နှောင်ကြိုးပေါင်းများစွာ ပညက်ချက်များ လူဆိုတာမျိုးဟာ စိတ်ရဲ့ လှည့်စားမှုမောဟ အမှောင်ထဲ အမှားအယွင်းတွေနဲ့ ဆုံးရှုံးနေဆဲ
ဘဝရဲ့အလင်းရောင်မဲ့နေခဲ့

မင်းမရှိ ငါမရှိ အားလုံးဘယ်သူမှမရှိ အမြဲမရှိတဲ မမြဲခြင်းတရားသာရှိ/မပြောင်းလဲတဲ့ ပြောင်းလဲခြင်းတရားသာရှိ
မင်းမရှိ ငါမရှိ အားလုံးဘယ်သူမှမရှိတဲ့ လောကကြီးရဲ့ လောကကြီးရဲ့ ဟေးမိတ်ဆွေ ခင်ဗျားတို့ စဉ်းစားကြည့်ဦး အတ္တဟာ အမှားအယွင်းများနဲ့ ပြည့်နေပြီလား/စနစ်ကျနေပြီလား

လောကကြီးရဲ့ မြူမှုန်ငယ်တစ်ခုစာ အားလုံးဟာ အသေးအမွှားဘယ်သူမှ မပြောပလောက်ပါ အတ္တမာန ငါဆိုတဲ့ အစွဲဟာ နှလုံးသားကို အဆိပ်သင့်ရူးသွပ်စေမယ် အတွေးမမှားပါနဲ့
မင်းနဲ့ငါလည်း  ဘဝက သမုဒ္ဒရာထက်ရေပွက်

အသွေးအသားများနဲ့ ခန္ဓာကိုယ်ထဲမှာ အားလုံးကိုခွဲစိပ်ဘယ်မှာလဲ မင်းရှိရဲ့လား ကိုယ့်ရဲ့ကိုယ်မှ ကိုယ်မပိုင်တဲ့ ဥစ္စာ ရုပ်ဒြပ်ပစ္စည်းများ မင်းတပ်မက်နေမလား မကြိုးစားပါနဲ့ မှားသွားမှာပဲ
ငြိမ်းလို့မရတဲ့မီးလောင်မယ်

ကြီးမြတ်သူဖြစ်ဖြစ် သာမာန်လူဖြစ်ဖြစ် အဆုံးသတ်ချိန်ကျတော့ လူတွေအားလုံး(အားလုံး) မီးခိုးနဲ့ပြာ မင်းလားငါလား ရှာဖွေ မေးကြည့်စမ်းပါ ဓနနဲ့ငွေများအားလုံးယူသွားလို့ရမလား
အတ္တရမ္မက်များ နတ္တိလူသား အချည်းနှီး လစ်ဟာခြင်း သုည
10:31 PM 3/15/2013

No comments:

Post a Comment