Friday, March 22, 2013

အိမ်ပြန်လမ်းဝေး


ရေး -
ဆို - မျိုးကြီး

အချစ်ကိုကိုးကွယ်တော့လေ မျက်မမြင်တစ်ယောက်လိုပေါ့ ငါလေ
မီးကိုတိုးဝင်လိုက် ငါ့ဘဝလောင်ကျွမ်းနေ ရေး
မင်းရဲ့ နှုတ်ခမ်းလေ ငါစွဲလမ်း ပြန်လှည့်ဖို့ခက်နေပြီ
အိမ်ပြန်ချိန်ငါမေ့ ဝင်္ကဘာထဲ

အိမ်ပြန်လမ်းဝေး အိမ်ပြန်လမ်းဝေး မာယာဝင်္ကဘာထဲ
အချစ်အတွက်အသက်ကိုပေး အိမ်ပြန်လမ်းဝေး

ဘဝကိုလှည့်ပြန်ခဲ့ကာ အလွမ်းတွေငါ့ရင်ထဲဆူဝေ
ဒီအချိန်ငါ့ကိုမင်းခေါ်တော့ မငြင်းဆန်နိုင်ဘူး အချစ်ရေ့ ရှုံးပြီလေ

မင်းရဲ့အရှေ့အရောက် ဘဝကိုငါပေးအပ်
ငါ့နှလုံးသား ပြဿနာတွေ ဖြေရှာနေရဆဲ ဝင်္ကဘာထဲ

အိမ်ပြန်လမ်းဝေး အိမ်ပြန်လမ်းဝေး မာယာဝင်္ကဘာထဲ အချစ်အတွက်အသက်ကိုပေး အိမ်ပြန်လမ်းဝေး

ငြိမ်းချမ်းတဲ့ ဘဝတွေပြန်ရောက်ချင်လည်း အို ထွက်ပေါက်မဲ့ မာယာရိပ်များထဲ
အိမ်မပြန်နိုင်ဘူး လမ်းပျောက်ခဲ့

အိမ်ပြန်လမ်းဝေး အိမ်ပြန်လမ်းဝေး မာယာဝင်္ကဘာထဲ
အချစ်အတွက်အသက်ကိုပေး အိမ်ပြန်လမ်းဝေး

7:55 PM 4/25/2013


No comments:

Post a Comment