ရေး - စိုင်းခမ်းလိတ်
ဆို - စည်သူလွင်
ငယ်စဉ်ကပဲရင်းသူ
စစိတ်ဝင်စားခဲ့သူ အစောဆုံး
ကြိတ်ပိုးခဲ့သူ
ကိုယ့်စိတ်ကို မင်းစိုးနိုင်လွန်း
ပိုင်နိုင်လွန်း
ကိုနိုင်လွန်း
ဆရာသခင်လို့ပဲ
ယူမယ်နော် စွဲလမ်းလွန်းသူရေ
ညို့ယူမျက်လုံးတွေပေး
ကိုယ့်ရဲ့အကြိုက်ကို
အလိုက်သိတတ်သူရေ
အိမ်မက်ထဲရော
လက်တွေ့ဘဝရော အားလုံးဝင်ပြီး
ခေါင်းကလေး
ငုံလို့ရယ် ကြင်နာတဲ့သူရေ
ညှာတာ လှည့်ပါဦး
တောင်းပန်မယ် သမားပါဦး
တောင်းပန်မယ်
စိတ်ညှို့ရှင်ရယ်
သံယျောဇဉ်ကြိုး
နှောင်ဖွဲ့တိုး ကိုယ်နဲ့မင်းကြားမှာ
သန့်ရှင်းတဲ့အချစ်စ
မောင်နှမသဘောမျိုး
ဆိုခြင်းထက်တော့
မကဘူးနော် အိမ်ထောင်ရှင်ကြီး
ပုံစံမျိုးကိုတော့လည်း
စိတ်ထဲမှန်းလို့မရသေးပါ
နောက်နောင်
မဖြစ်ဘူးလို့လည်း အပြတ်တော့
မဆိုဘူးနော်
နှလုံးသားချင်းတော့
အသွေးအသားချင်းတော့သိ
အိုးချင်းထားတော့
အိုးချင်းထိ ကြိုးချင်းထားတော့ ကြိုးချင်းငြိတဲ့
သဘောများလားဟင်
တို့နှစ်ယောက်လည်း
ချစ်ပြီးရင်လည်းချစ်လို့မကုန်
တုန်နေအောင်ကိုချစ်
မယုံနိုင်အောင်ကို ချစ်မိပြီနော်/ပဲ
အဖော်တွေကလည်း
တားတယ် အမျိုးများ
အဆွေများဖျက်တယ်
အားလုံးကလုံးဝသဘောမတူ
မင်းစိတ်ကို
မင်းထိန်းပါဦး ရှောင်ပါဦး ဆောင်ပါဦး
ဂုဏ်တော်ပုတီးစိတ်လိုက်ပါဦး
ပြောတော့ဖြင့်
အလွယ်လေး
လိုက်လုပ်တော့ခက်သေး
ချစ်တဲ့စိတ်ကို
ဘရိတ်အုပ်လို့မရသူပါ ဘုရားရှိခိုးပြီး
စောစောအိပ်လည်း
အိမ်မက်ထဲမှာ လိုက်နှောက်ယှက်
တတ်သူ ကြင်နာတဲ့သူရေ
ညှာတာလှည့်ပါဦး
တောင်းပန်မယ်
သနားပါဦး တောင်းပန်မယ်
စိတ်ညှို့ရှင်ရယ်
9:57 PM
3/4/2013
No comments:
Post a Comment