ရေး - မောင်သစ်မင်း
ဆို - အငဲ
ဒီကွင်းပြင်ကြီးကို
တို့ဖြတ်ဖူးတယ် ဒီမြက်ပင်များအပေါ် တို့နှစ်ယောက်
လျှောက်ဖူးတယ်
ဒီကောင်းကင်ကြီးထဲ မိုးတိမ်တွေ အမြဲပျံသန်း
ကြည်နူးစရာဘဝပေါ့
မင်းလေးနဲ့ဟိုတစ်ချိန်က
တို့နှစ်ဦးသားအချစ်ကို
တန်ဖိုးထားကြတယ်
ဒီကွင်းပြင်ကြီးဟာ
အခုဆိုလွမ်းစရာ
ဒီမြက်ပင်ရိုင်းတွေ
ခြောက်သွေ့ကာညိုမွဲနေ
ဒီကောင်းကင်ကြီးလည်း
ဟိုးအရင်လိုမလှတော့ဘူး
ရင်ထဲမှာအဆွေးများ
မင်းထားပစ်ကာထွက်သွား
တို့နှစ်ဦးသား
ဘဝဟာ ကမ္ဘာကြီးခြားထားသလို
တို့မသိနိုင်ဘူး
ကံတရားရဲ့အင်အားကို အဝေးဆုံးချစ်သူတိုင်းပဲ ပြန်နီးဖို့ မျှော်လင့်နေ
အချစ်ဆုံးချစ်သူတိုင်း
အလွမ်းဆုံးဘဝရှိမယ်
အချစ်ဟာ ကြည်နူးစရာ
လွမ်းစရာ တစ်ခါဖြစ်မြဲ
ကိုယ်လေစောင့်မျှော်ဆဲပါ
မင်းလာမယ့်နေ့ တကယ်နားလည်မှုနဲ့ မင်းကိုယ့်ထံပြန်မယ့်နေ့ ကြေကွဲစရာများနဲ့ အခြားနေရာမှာ
မင်းပျော်မလား ငါလွမ်းသလို မင်းလည်း အမြဲတမ်းတနေမှာပဲ မျှော်မဆုံးသော ကွင်းပြင် အရင်တိုင်း
လျှော်ရအောင်
No comments:
Post a Comment