ရေး - ကေအေတီ
ဆို - လေးဖြူ
မိုးသောက်ခဲပြီလေ
အကြိမ်ကြိမ်ပြန်စဉ်းစားတော့
တို့နှစ်ယောက်အချစ်က
ပြီးပြီပဲ
ဒီလိုအချစ်မျိုးမှာ
ဘာကိုမျှော်လင့်မလဲ
ချစ်က အလွမ်းအဆွေးများထားရစ်ခဲ့
ပြန်မြင်ယောင်မိတယ်
အတိတ်မျက်ခင်းစိမ်းလေး
မပြေလည်စဉ်ခဏ
ဘာဖြစ်ဖြစ်နှစ်ယောက်အတူတွဲပြီး
အနာဂတ်လှဖို့
ကြိုးစားခဲ့တယ်
ကြိုတင်မမြင်နိုင်သော
ကံတရားရဲ့ သတ်မတ်ဆုံးဖြတ်ချိန်
ပြန်မဆုံနိုင်တဲ့
ဘဝနဲ့တသက်စာဝေး
ပြန်မြင်ယောင်မိတယ်
အတိတ်မျက်ခင်းစိမ်းလေး
ပြန်မြင်ယောင်နေဆဲ
ကြာ့ပြီဆိုပေမဲ့
ကြင်နာသူတွေ
မတည်မြဲ
ရည်ရွယ်တာတွေ
ပျက်စီးလည်း
ထင်ကျန်မြင်ပါတယ်
အတ်ကတို့အဖြစ်ပျက်
ရင်ထဲကနေရာ
ထာဝစဉ်မင်းအတွက်ဖြစ်နေခဲ့
မင်းမရှိနေပေမဲ့
အရင်လိုမျှော်လင့်ချက်နဲ့ပဲ
ဘယ်သူနဲ့မှမတူတဲ့
အချစ်နဲ့
ပြန်မြင်ယောင်မိတယ်
အတိတ်မျက်ခင်းစိမ်းလေး
မေ့ထားပေမဲ့လည်း
ငါဘယ်လိုပြန်မေ့မလဲ
No comments:
Post a Comment