Thursday, March 21, 2013

ရက်စက်စွာပြုံးတတ်သော


ရေး - ထူးအိမ်သင်
ဆို - ထူးအိမ်သင်

နှလုံးသားကို ပန်းကလေးလို ခူးပြီးခြွှေသွားတတ်တယ် နမ်းပြီးရင် နင်းလို့ခြေသွားမှာကို ပန်းပွင့်တွေအများကြီးပဲ သူ့ကြောင့်ကြွေခဲ့ရတယ် မချစ်တတ်တဲ့ အသည်းနဲ့ မိန်းကလေးပဲ

ရက်စက်တော့ မှာလား ရက်စက်ပစ်လိုက်ပြီလား နာကျင်သော အသည်းတွေကြွေအောင် ရက်စက်တော့မှာလား အိုး ရက်စက်လိုက်ပြီလား ပူလောင်သော အသည်းတွေ နာကျင်နေ (အား)
မကြင်နာ အမုန်းမီးလျှံများ
ပြာကျသွားမလားအချစ်ရယ် ရင်ကို ခွဲပစ်လိုက်မှာလား
(ရက်စက်တတ်တဲ့ အပြုံးကလေးနဲ့ နှုတ်ခမ်းကလေးများ)၂

ငါ့ရဲ့နှလုံးသားဟာ သူ့လက်မှာ ပန်းတစ်ပွင့်ပါ နင်းလိုခြေသွားမလား ငါကြောက်တယ်သွား သူ့ရဲ့ခြေဖဝါးအောက်မှာ ညည်းတွားသံကြားမိတယ် ရက်စက်တယ် မိန်းကလေး ရက်စက်တယ်
8:33 PM 3/13/2013

No comments:

Post a Comment