ရေး - L လွန်းဝါ၊ စံပီး၊ အစောင်းမန်း
ဆို - L လွန်းဝါ
မင်းပျော်နေရင် ကိုလည်းလိုက် ပျော်ပါ့မယ်
မင်းစိတ်ညစ်ရင် ကိုယ်နှစ်သိမ့်ပေးပါ့မယ်
မင်းငိုင်နေရင် မင်းအနားအားပေးမယ်
ရင်မှာမွေးဖွားတဲ့ အချစ်များစွာ မင်းအတွက်ပါ
အလိုရမ္မက် မပါတဲ့အချစ်များဟာ မင်းတစ်ယောက်သာ
ဖြူဖြူစင်စင် မင်းပဲချစ်နေမှာ
ကြင်နာခြင်းများနဲ့ တည်ဆောက်ထားတဲ့ အချစ်များဟာ
ရင်မှာသိမ်းထားမင်းအတွက်ပါ
ကြင်နာခြင်းများနဲ့ အားပေးစောင့်ရှောက်ကာ
အချိန်တိုင်းမင်းအတွက် ရှိနေမှာ

L လွန်းဝါ |
No comments:
Post a Comment