Tuesday, March 19, 2013

ဟန်နီ

ရေး - သော်ဒီဝေ
ဆို - အငဲ

ငယ်စဉ်က တို့တစ်တွေကလေးဘဝက နှလုံးသားဖူးသစ်စအရွယ် မောင်နှမအရင်းတွေလိုပဲ
အတူတူဘဝကျောင်းလေးထဲက အချစ်တဲ့ မျှော်လင့်မထားပဲ ရောက်ရှိခဲ့ ကျိုးပေါက်ငါ့မသိစိတ်ထဲ
ခင်စရာကောင်းတယ် ဟန်နီ စိုးရွံ့ ဘယ်လိုပြောရမလဲ
ဖွင့်ဟဝန်ခံဖို့ ကြိုးစားလည်း ခက်လို့နေခဲ့
ကျိတ်မှိတ်မျိုသိပ်ထား ခုန်နေ ငါ့ရင်ထဲ အချစ်နဲ့ ရူးသွပ်မိုက်မဲ
ဟေး ဟေး ဟန်နီ စာနာခွင့်လွှတ်စေချင်
ချစ်တဲ့ဟန်နီ လေမုန်တိုင်းများ တိုက်ခတ်ဆဲ
ဒီရင်ခုန်သံကလေးများ အဆုံးသတ်ခဲ့မှာ စိုးရိမ်လို့ ဟန်နီရယ်
အချိန်ရယ် နွေးမိုးဆောင်းတို့ ပြောင်းလဲသွားလည်း လွင့်မျောဆဲပဲ ငါ့စိတ်တွေ
ငါဟာ တစ်ယောက်တည်းအထီးကျန်ရွက်လွှင့်ခဲ့ ဘဝအတွက်ကြိုးစားရင်းနဲ့ပေါ့
မျှော်လင့်မိတဲ့ အိမ်မက်များ ရင်မှာ ထင်ဟပ်ဆဲ မင်းရဲ့အကြောင်းယုံကြည်ထား
အချစ်စိတ်လေးများနဲ့ပေါ့ ပွေ့ပိုက်ရင်း မင်းအတွက်ပေါ့ အိုး   ရင်မှာလည်း ငါလေမူးပြီးတော့ အချစ်ဆိပ်တွေနဲ့ ဟေး ဟေး ဟန်နီ ဒါတွေမင်းသိစေချင်
ချစ်တဲ့ဟန်နီ ငါတကယ့်ကိုကြိုးစားလို့လာခဲ့
ပြန်ဆုံနိုင်ပါ့မလား အတွေးနဲ့ ငါ့ရဲ့စိတ်ထဲ ယုံကြည်လို့အားခဲ
ငါဟာ ကြိုးစားရင်း မင်းရဲ့အချစ်ကို အရယူခဲ့ဖို
ရင်မှာလေ မျှော်လင့်ထားသူမင်းအတွက်ပေါ့ ယူဆောင်လို့လာခဲ့
ဒဏ်ရာများမေ့ပျောက် ခိုလှုံပါရစေတော့
အလွမ်းမောများလည်း  အားလုံးထားခဲ့ ငါ့ရဲ့ နှလုံးသားလေး တစ်ခုအတွက်
ကြင်နာတတ်သူ ဟန်နီ တစ်ညလုံး မင်းရင်ထဲ ဟန်နီ (ခိုလှုံလိုက်ပါစေလေ)
ငါချစ်တဲ့ ဟန်နီ (ကိုယ်တစ်တကယ့်ကို မောပန်းလို့လာခဲ့)
ဟန်နီ (ခိုလှုံလိုက်ပါစေလေ) ဟန်နီ

No comments:

Post a Comment