Thursday, March 21, 2013

နတ်မိမယ်


ရေး - ထူးအိမ်သင်
ဆို - ထူးအိမ်သင်

သိပ်ကိုရှက်တတ်တဲ့ ကိုယ့်ရဲ့ မိန်းမလှလေးဒီလို တစ်လှမ်းချင်းလျှောက်လာမလား ကိုယ့်ရဲ့နှလုံးသွေးများ ရပ်တန့်သွားပြီးတော့ ရီဝေလယ်မိန်းမူးမိုက်သွား မင်းလျှောက်ခဲ့တဲ့
လမ်းမှာပန်းပွင့်တွေကြွေကာ လမ်းခင်းပေးနေကြ ကိုယ့်နှလုံးသားထဲ မင်းဟာ နတ်မိမယ် ဒါကိုမင်းလေး သိရဲ့လား

ပင့်လို့ကိုယ့်ကိုကြည့်လိုက်စဉ် ကြည်ရောင်ဝင်းလက်ပြိုးပြက်သွား မင်းရဲ့အကြည့်တစ်ချက်နဲ့ မူးယစ်သွားပြီဟေ့ ချိုမြိန်ခြင်းရဲ့ အရသာများမင်းပြုံးလိုက်တဲ့ အခိုက်မှာ
မိုးကောင်းကင်ကြယ်စဉ်အားလုံး လွင့်ကြွေကြ ကိုယ့်နှလုံးသားထဲ မင်းဟာ နတ်မိမယ် ဒါကိုမင်းလေးငြင်းမှာလား

ခမ်းနားတဲ့အလှကို ဖွဲ့ဆိုတိုင်းတာရန် စည်းချက်အမြဲလိုမှား  စိတ်လှုပ်ရှားလွန်းလို့ စွံ့အသွားပြီဟေ့ ဂန္တဝင်မြောက်တဲ့ အလှအပများ မင်းစကားလေးများပြောရင်ကြားရသူ ရင်မှာ
ပင့်သက်ရှိုက်နေ ကိုယ့်နှလုံးသားထဲ မင်းဟာနတ်မိမယ် ဒါကိုမင်းလေး ရှက်နေမလား

မျက်လွှာလေး တမိုးလုံးပဲ ကောင်းကင်ကြယ်များလည်းကြွေကာ သူ့ရှေ့မှောက်ခစား ကိုယ့်ရဲ့နတ်မိမယ် အလှဆုံးလေး သူသာအတောက်ပဆုံးပါလား ဒဏ္ဍာရီများ အပြုံးလေး
သိပ်ထူးဆန်းနေတယ် ယုံရဲ့လား
8:51 PM 3/15/2013

No comments:

Post a Comment