Thursday, March 21, 2013

ဗင်းဆင့်ဗန်ဂိုးတမ်းချင်း

ရေး - ဝင်းမင်းထွေး
ဆို - ထူးအိမ်သင်

ကြယ်တွေစုံပြီလား ဗင်းဆင့်နားကိုလာကြတယ် မျက်စေ့ကနေငါကြားတယ် တိတ်ဆိတ်တဲ့ ဉာဥ့်လယ်ယံမှာ ခေါ်သံများ ကြယ်တွေရင်ခုန်သလား ဗင်းဆင့်သီချင်းကိုဆိုကြတယ် လွမ်းဖွဲ့အကြောင်းကို သီဖွဲ့တယ် တောင်တန်းများကတောင် တုန်ယင်နေတော့တယ်

ငါလေနားလည်ပြီ ဘာတွေကမ္ဘာအတွက်ပေးသွားသလဲ ဘာကြောင့်ရူးသွပ်ခြင်းခံသွားလည်း ဒဏ်ရာတွေဟာ မပျောက်နိုင်ဘူး လူတွေကလုံးဝနားမလည်ကြဘူးလေ ငါကြေကွဲနေတယ်

ကြယ်တွေငိုနေသလား ပန်းပွင့်မီးလျှံဟိုအထက်မှာ ဒုက္ခမိုးတိမ် အိုတစ်စစီ ငါချစ်တဲ့ ဗင်းဆင့်ပုံလွှာထင်ယောင်မှား ကြယ်တွေငိုသံများ ဆိုက်ပရက်စ် လမ်းဟာအိပ်မက်လို ယိမ်းလှုပ်မှိုင်းဝေ အုံ့ဆိုင်းနေ အာလူးစားသူတွေရဲ့ မျက်နှာတွေ

ငါလေနားလည်ပြီ ဘာတွေကမ္ဘာအတွက် ချန်ထားသလဲ ဘယ်လိုရူးသွပ်ခြင်းဒဏ်ပြင်းထန်တယ် ဒဏ်ရာများက မပျောက်နိုင်ဘူး လူတွေတကယ်တော့နားမလည် အိုဒါတကယ့်အမှန်တရား ဒီကမ္ဘာကို ဗင်းဆင့်ဆောက်တည်ချစ်သော်လည်း အားလုံးနားမလည်ခဲ့ ဒုက္ခနဲ့တုံ့ပြန်ခြင်းသာ ရသွားလည်း ဒီလိုရက်စက်ခဲ့ခြင်းကို ပြန်ပြီး အမှန်တရားအတွက် စတေးသွားရှာရင်း ခွင့်လွှတ်ခဲ့လေတယ်

ကြယ်တွေငိုနေသလား အခန်းလွတ်ထဲမှာ ပန်းချီကားတွေ အဖိုးအဖြတ်ရက်အောင် တန်သတဲ့လေ ဗင်းဆင့်ရဲ့ အနုပညာဟာ ရတနာများ မသေခင်အချိန်မှာ အပယ်ခံများ မဲ့ရွဲ့ခြင်းသာခံရတယ် သွေးပျက်သွားအောင် သရော်ကြတယ် လက်မြှောက်လို့ဘဝကို ရှောင်ကာပြေးလေတယ်

ငါလေတုန်လှုပ်တယ် ကမ္ဘာကိုပိုင်သမျှအကုန်ပေးပြီး တစ်သက်တာ ဒုက္ခချည်းယူသွားရှာတယ် ဒါဟာပါရမီတစ်ခုလေလား လူတွေအတွက် ဘဝကိုရင်းလို့ စတေးရှာသလား ဒီည ငါငိုနေပြီ

8:32 PM 3/20/2013

No comments:

Post a Comment