ရေး
-
ဆို
- စိုင်းထီးဆိုင်
အလင်းရောင်ရဖို့ အပူခံ
အရည်ပျော်ခံတဲ့ ဖယောင်းတိုင်ရယ်
ဖယောင်းရည် တစ်စက်စက်ကျတာ သူ့ရဲ့မျက်ရည်ပဲ
သို့ပေမယ့်လည်း အမှောင်ကိုခွင်းမယ့်အလင်းရောင်
သူဆောင်ကြဉ်းပြီးအခိုက်မှာ ကျေနပ်ရင်းနဲ့
တမြေ့မြေ့ ကျွမ်းလောင်ခဲ့ရ သူ့ခန္ဓာ
မိုးသည်းထန်ကျလို့ကြွေပြီ
ကြွေချိန်မတန်တဲ့ ပန်းတစ်ခိုင်ရယ်
ပန်းအကြွေပွင့်ဖတ်မဲ့ကာ အလှအပမဲ့ပြီကွယ်
သို့ပေမယ့်လည်း ကမ္ဘာမြေစိမ်းလန်းသွားရင်
အခြွေခံနွမ်းလျမှုကို ကျေနပ်ရင်းနဲ့
တရိရိပျက်ကြွေခဲ့ရ သူ့ခန္ဓာ
အို… ဟို… ဟို…. စွန့်လွှတ်ခဲ့သူတွေ
စွန့်လွှတ်ရင်းနဲ့ပျက်ကြွေ
မျက်ရည်တွေ အသက်ပင်သေသေ
အသုံးဝင်မှုတစ်ခုရှိရင်လေ
စွန့်လွှတ်ရင်းနဲ့ နှစ်သိမ့်ကျေနပ်နေ
အလင်းရောင်ရဖို့ အပူခံ
အရည်ပျော်ခံတဲ့ ဖယောင်းတိုင်ရယ်
ဖယောင်းရည် တစ်စက်စက်ကျတာ သူ့ရဲ့မျက်ရည်ပဲ
သို့ပေမယ့်လည်း အမှောင်ကိုခွင်းမယ့်အလင်းရောင်
သူဆောင်ကြဉ်းပြီးအခိုက်မှာ ကျေနပ်ရင်းနဲ့
တမြေ့မြေ့ ကျွမ်းလောင်ခဲ့ရ သူ့ခန္ဓာ
မိုးသည်းထန်ကျလို့ကြွေပြီ
ကြွေချိန်မတန်တဲ့ ပန်းတစ်ခိုင်ရယ်
ပန်းအကြွေပွင့်ဖတ်မဲ့ကာ အလှအပမဲ့ပြီကွယ်
သို့ပေမယ့်လည်း ကမ္ဘာမြေစိမ်းလန်းသွားရင်
အခြွေခံနွမ်းလျမှုကို ကျေနပ်ရင်းနဲ့
တရိရိပျက်ကြွေခဲ့ရ သူ့ခန္ဓာ
အို… ဟို… ဟို…. စွန့်လွှတ်ခဲ့သူတွေ
စွန့်လွှတ်ရင်းနဲ့ပျက်ကြွေ
မျက်ရည်တွေ အသက်ပင်သေသေ
အသုံးဝင်မှုတစ်ခုရှိရင်လေ
စွန့်လွှတ်ရင်းနဲ့ နှစ်သိမ့်ကျေနပ်နေ
www.mmlyric.blogspot.com
No comments:
Post a Comment