ရေး - အငဲ
ဆို - အငဲ
ကြည်လင်တဲ့
မိုးသားထက် မော့ကြည့်လိုက်တော့ ကြယ်စင်တွေလိုတောက်ပ ငါ့အလွမ်းများ အချစ်ရဲ့ တိမ်တိုကတွေ
လွင့်မျောပြီး မင်းလေးဆီကို ကိုယ်ယူဆောင်လာခဲ့ပြီး အိပ်မက်များ
ဒဏ္ဍာရီပုံပြင်
မင်းသမီး အို အချစ်လေး တို့နှစ်ယောက် ဝေးမှာစိုး အခက်အခဲများလည်း ရင်ဆိုင်ဖြတ်ကူးကြစို့
(ယူတော့အချစ်တွေယူအားလုံးပေးချင်သူ
မင်းအတွက်တော့ကိုယ်ဟာ ညမီးအိမ် ဒီလိုခိုင်မာတဲ့အလင်းရောင်) အမြဲတမ်းလင်းနေသူ
ကြည်လင်စွာ
စမ်းချောင်းလေး စီးဆင်းသံလို ရင်ခွင်မှာအချစ်များ စီးနေဆဲပဲ ကိုယ့်ဘဝအရာတိုင်းကို မင်းအတွက်ပေးဆပ်ခဲ့သူ
အကြင်နာ ရေစုန်တို့ သွင်သွင်စီးခဲ့ (ယူတော့အချစ်တွေယူ အိုး အားလုံးပေးချင်သူ မင်းလေးဘဝ
အတွက် ကိုယ်ဟာ ပံ့ပိုးသူ ဒီခိုင်မာတဲ့ချစ်သူ ယူတော့/ယူပါ အချစ်တွေယူ အားလုံးပေးချင်သူ)
အဆုံးတော့
ရူးသွပ်တဲ့ ကိုယ့်အချစ်ဟာ ရေလိုသွင်သွင် စီးဆင်း လိုက်စားခဲ့ အဝေးကလမင်းရေ ကိုယ့်ဘဝကို
အေးချမ်းစေတော့ မျှော်လင့်စောင့်စားနေသူ ဩော်ဝေးနေဆဲ
No comments:
Post a Comment