ရေး - ထူးအိမ်သင်
ဆို - ထူးအိမ်သင်
ချစ်သူအနားမှာ
ရှိနေချိန်လေးရယ် ရင်မှာပျားရည်စက်လိုပဲ နှလုံးသားလေးထဲ ချိုမြနေသော အချစ်များဘယ်တော့
ပျောက်ဆုံးသွားမှာလည်း ကိုယ်မတွေးချင်ဘူး အချစ်ဆုံးသိလားကွယ်
ဝိုင်အရက်ချိုလား
ရစ်မူးအောင်ညှို့နိုင်တဲ့အကြည့်တွေရယ် ချစ်သောသူရဲ့ မျက်ဝန်းတွေထဲ အိပ်မောကျခဲ့တယ်
ရင်ခုန်သံတွေမြန်တယ် ဝေးရမှာပဲ အိပ်မက်ထဲ ငိုနေဆဲ
ကိုယ့်စိတ်ကူးတွေနားလည်နိုင်မလားကွယ်
ကိုယ်လေ စကားအပိုမပြောချင်ဘူး အို အရိုးသားဆုံးပဲ နောက်ဆုံးအချိန်အထိဖြည့်စွမ်းနိုင်သလောက်ကိုယ်အမြဲချစ်နေမယ်
ဘာမှပြန်ပြီး
မမျှော်လင့်ပါဘူးကွယ်
သန့်ရှင်းအချစ်များ ရင်ထဲမှာမင်းတစ်ယောက်တည်းအတွက်ပါပဲ ခံစားရဆုံးကဗျာလေးလိုပဲ သိမ်မွေ့နူးညံ့တယ်
ယုံကြည်နိုင်မယ်ဆိုရင် ဝေးသွားပေမယ့် မငိုပါနဲ့
အချစ်လေး
ရင်ခုန်ရင် အချစ်ပဲ ကွယ် (ဟား ဟား) ရင်ခုန်ရင် အချစ်ပဲကွယ် ရိုးရိုးသားသားချစ်တယ် နှလုံးသားချင်းပဲနားလည်း
အကြင်နာဆုံးကလေးရယ် (ဟား)၃ ဝေးသွားလည်းပဲ
ချစ်ရဦးမယ်
ဝေးသွားလည်းပဲ ချစ်နေချင်တယ် ဝေးသွားလည်းပဲ အမြဲချစ်လို့နေမယ်
11:11 PM 3/17/2013
No comments:
Post a Comment