ရေး - စိုင်းခမ်းလိတ်
ဆို - စည်သူလွင်
ပိုနေရင်သာ
မသိသာတယ်
လိုနေနေရင်ဘဝတစ်ခုလုံး
ဟာနေသလိုကွယ်
ရေဘောင်ဘင်နဲ့
မပြည့်အိုးသဖွယ်
လူဆိုတာ တစ်ယောက်ဆီမနေနိုင်တဲ့
သတ္တဝါတွေပဲလို့
ဆိုစမှတ်ရှိခဲ့တယ်
အဖော်မွန်တွေနဲ့
အိမ်ထောင်တွေနဲ့ တင့်တယ်မြဲ
ကိုယ့်မှာတော့လေ
တစ်ယောက်တည်းမျက်စိလည်
တွယ်တာသူတော့
ရှိပါတယ်
သာယာတဲ့ဘဝတစ်ခု
ဆောက်ရန်ရည်ရွယ်
ဒါပေမဲ့ မဖြစ်ဘူးကွယ်
တစ်ချိန်ချိန်တော့
တစ်နေရာတော့ တစ်စုံတစ်ခုသော
အကြောင်းနဲ့ပျက်သွားမြဲ
မယုံကြည်နိုင်လောက်အောင်
အခြေအနေတွေ
တိုက်ဆိုင်တော့ကွယ်
နောက်တစ်ခါအတွက်လည်း
မဝံ့မရဲဖြစ်ရတယ်
လက္ခဏာဆရာက
ပြောတယ်မေရယ်
နှလုံးသား
လမ်းကြောင်းမှာကျွန်းခံနေတယ်
မိန်းမနဲ့ပတ်သက်လရင်
အမြဲတမ်းပဲကံဆိုးနေမယ်
အခန့်မသင့်ရင်
အချစ်ရေးအတွက်
ကို့အသက်ကိုတောင်
ရန်ရှာလိမ့်မယ်
မျက်ကန်းတဲ့
မချစ်သမားတဲ့
ဒီလိုဆိုခက်ချည်ရဲ့
ကိုယ်လိုချင်ဆုံးတစ်ခုက မရနိုင်ပြီကွယ်
ကျန်တာတွေ
မထူးတော့ဘူးကွယ်
ရင်နဲ့စိတ်ကူး
အကောင်ထည်ဖော်ဖို့
ကြံဆောင်လေသမျှ
ရှင်ရင်ရွှေထီးဆိုတာ
စွန့်စားခဲ့တာလည်း
ရလာမှာပဲ မိဖုရားကမရှိတယ်.
No comments:
Post a Comment