Saturday, March 23, 2013

သူစိမ်းဆန်ဆန်

ရေး - ဝင်းမင်းထွေး
ဆို - ထူးအိမ်သင်

ရင်ခုန်သော မျက်နှာလေးဘယ်ကို အဝေးကြီးပြေးပြီလဲ ကွယ် ဟိုအရင်အတိတ်က လွမ်းစရာ အနမ်းများတော့ ရင်မှာကျန်ရစ်ခဲ့ ရင်ခုန်နှုန်းတွေနှေးသော်လည်း ရေပြင်အောက်က မြစ်ရေစီးလိုရင်မှာ ငြိမ့်ငြိမ့်လှည့်လည် နှလုံးသားအောက်ခြေတသိမ့်သိမ့်လှုပ်ခါနေ

ရင်ခုန်သံရင်မှာ ကျန်နေတယ် ဒါပေမယ့် လည်းကွယ် မဆိုင်သာတော့ဘူးလေ (အူး ဟူး) ရင်ခုန်သံရင်မှာ ရှင်သန်နေတယ် ဒါပေမယ့်လည်းကွယ် မဆိုင်သာတော့ဘူးလေ ရင်ခုန်ဖူးသော အချစ်တွေနဲ့ ရင်ခုန်ခွင့်နဲ့ ဝေးရပြီလာကွယ် ယုံကြည်ခဲ့တဲ့စကားတွေလဲပြိုပြီ ပြန်ဆုံချင်တောင်မဆိုင်ကြတော့ယုံကြည်ချက်က သဲပေါ်ဆောက်တည် ဒီရေလှိုင်းများလဲပြိုသွားပြီ ဘယ်လိုနီးနီး တခြားစီ အဝေးကြီးတော့ သူစိမ်းဆန်ဆန်

စည်းခြားပြီလား ကိုယ်ပိုင်ဆုံးဖြတ်ခဲ့တာလားကွယ် အချိန်တွေနောက်လှည့်ချင်သေးတယ် အရင်လိုပြန်နေနိုင်မလားဟေ့ မသေချာသော လမ်းပေါ်လျှောက်မတည်ငြိမ်သေးသော စိတ်တွေယိမ်းယိုင် လူတွေအများကြီးကြားမှာ အထီးကျန်နေ အားလုံးသူစိမ်းဆန်ဆန်
8:54 PM 3/22/2013

No comments:

Post a Comment