Thursday, March 21, 2013

မျက်ရည်ဝဲရုံ

ရေး - မောင်မောင်သွင်+ထူးအိမ်သင်
ဆို - ထူးအိမ်သင်

ရင်မှာလှိုက်ခုန်သွားရုံလေး အချစ်ဆုံကိုယ် ဘာကိုမှလေ မမျှော်လင့်ဘူး ကြင်နာစွာရီဝေတဲ့ အကြည့်လေးနဲ့ နှစ်သိမ့်နေလို့ တကယ်ဆိုကိုယ့်စိတ်ထဲမှာ ဘယ်လိုဖြစ်နေမယ်
မထင်လည်းကွယ် ရင်ထဲကိုယ်ခံစား ကိုယ်မြတ်နိုးခဲ့ရတာ ရင်မှာထား (ဟား) ချစ်လား မေးရင် ကိုယ်ငြင်းမယ် ကိုယ်စီ

မျက်ရည်ဝဲရုံလေးပါပဲကွယ် ဒီလိုနဲ့ ဝေးဝေးရမှာပဲ နာကျင်စွာ ကြင်နာသူကို အဝေးကကြည့်နေရင်း ကိုယ်သာချစ်ခဲ့မိတာ ရင်မှာ လွမ်းရလည်း ကျေနပ်တယ် အချစ်ကလေး တကယ်လို့များ
မဆုံနိုင်အောင်ဝေးခဲ့ကြရင် ငိုမှာလား (ဟား) တစ်ယောက်တည်း ကြိတ်ခါကိုယ်ခံစား

ဒီလိုတိတ်တိတ် မျက်ရည်ဝဲရုံကြေကွဲသွားရုံလေး ရင်ခွင်ထဲ နွေးထွေးသွားရုံလေး အသည်းမှာ မင်းအကြည့်တွေ ရင်ခုန်ရုံလေးချစ်နေမှာ ဒီလိုတိတ်တိတ်မျက်ရည်ဝဲရုံကြေကွဲသွားရုံလေး
ရင်ခွင်ထဲ နွေးထွေးသွားရုံးလေး အသည်းမှာ မင်းအကြည့်တွေ ရင်ခုန်ရုံလေးချစ်နေမှာ

ကြင်နာတာတွေကို ရင်မှာသာသိုဝှက်ထား ကိုယ်ဘယ်တော့မှ မပြောတော့ပါ
9:06 PM 3/15/2013

No comments:

Post a Comment