Showing posts with label အရိုး. Show all posts

Thursday, September 12, 2013
ကံဆိုသည်မှာ
ရေး - အရိုး
ဆို - အရိုး
ကံဆိုတာ ဆိုးသည်ကောင်းသည်မရှိ အမြဲပြောင်းလဲ တတ်လေ၏ ကျုပ်အကြောင်းကြားပြီးရင်
ခင်ဗျားတို့လည်း စဉ်းစားကြည့် အိမ်အပြန်မှာ အလုပ်ပြုတ်ခေါင်းစုတ်ဖွားနဲ့ စိတ်ဓါတ်ကငရဲကိုကျ
သိပ်မကြာခင်မှာပဲ အမွေတွေတစ်ပုံကြီးရ ငွေတွေကို တစ်ချို့တဝက် ဘုရားလှူပြီး
သူငယ်ချင်းလက် အတိုးနဲ့ထား လမကုန်ခင်မှာပဲ ဒီကောင်လိမ်ပြီးပြေးသွား ဒီလိုနဲ့
ကြွေးတွေဆုံးလေပြီ ခွေးဖြစ်သည် ဒုတိယမ္မိ လအကုန်မှာ ကျွန်တော်ပေါက်ပြီ မင်္ဂလာစုံတွဲကြီး
လူလယ်ခေါင် ပြောဆိုတူရိုက်ထားပစ်ခဲ့တာ ကလိမ်ခြုံအရင်ရည်းစား
သနားလို့ အားလာပေးတဲ့ တစ်ယောက်က တကယ်ကို နတ်သမီးအလား
နေရာတကာ အကောင်းနဲ့အဆိုးက အမြဲတွဲထားတဲ့ ဒီဒွန္ဒယာကြီးမှာ ကျုပ်ရည်းစားအသစ်မှာ အစ်ကိုမောင်နှမတွေအများကြီး
လူဆိုတာ အမြဲကံမကောင်းနိုင်ဘူး ကံအမြဲလည်း ကောင်းမနေဘူး အသက်တဖြည်းဖြည်းကြီးလာ
တဖြည်းဖြည်းပိုပြီးသိ လူမမြင်အောင် ခိုးကြောင်ခိုးဝှက်တွဲ မိသွားတော့သဘောတူရဲ့ သိပ်ပူစရာမလိုပဲ အိမ်ထောင်ကျလေ၏
လိုချင်တာ သမီးပေါက်စလေး မွေးလိုက်တော့ အထီးတစ်ကောင်ဟေ့ ဘာပဲဖြစ်ဖြစ် ဒါတို့နှစ်ယောက်ရဲ့သားသမီး ဒီလိုနဲ့ ကျုပ်အသက်ငါးဆယ့်ငါး ကျုပ်သားအသက် နှစ်ဆယ့်ငါး
မာမီတွေထဲ ဒီကောင်ပြိုင်ဖက်မရှိ သေချင်အောင် ဒေါသကြီးလို့ ကြိမ်းမောင်းပြောဆို အိမ်ထောင်ချပေးသည် ကျုပ်ချွေးမသား ရည်းစားက အပြင်မှာ Tomboy ကြီး အိမ်ထောင်ကျပြီး သုံးလအတွင်းပဲ သူတို့တွေ လူမှန်ပြန်ဖြစ်သည် ကျုပ်မြေးလေးမွေးရင် ဘယ်လိုနေမလဲ မသိ
Wednesday, April 10, 2013
နောက်ဆုံးမှာတော့
ရေး - အရိုး
ဆို - အရိုး
နောက်ဆုံးမှာတော့ ခြေသံတွေ နည်းနည်းများများ အိုးကိုခွဲ ကျန်ရစ်သူတို့ အယူဘာသာ
နီးနီးဝေးဝေး ကြေးစည်နှက်
အရင်သွားသူနဲ့ နောင်သွားမယ့်သူ လူတိုင်း ဒီလမ်းဘယ်သူ ဘယ်လမ်းရှိမလဲ
ဘာပြောနိုင်မလဲ ဘယ်သူဘာတွေဖြစ်ဖြစ် စကားဆက်ပြောရန်မရှိ ဆက်ကြားနိုင်လား
အချိန်မတိုင်ခင် အတင်းမေ့ထားတဲ့ တို့သေခြင်း လိုဦးမှာလား ခဏလေးအတွင်းလား
ဒီမနက်ဖြန်ရော ဘယ်သူအာမခံမလဲ
မင်းစိတ်မင်းရုပ် မင်းခန္ဓာက အခေါင်းတစ်ခုစာ မင်းအတ္တနဲ့ မင်းနာမည်က မီးခိုးပြာ
ဘာငြင်းနိုင်မလဲ
ငါတွေးပေမယ့် ငါတွေတကယ်ရှိခဲ့ခြင်းက ဟုတ်ရဲ့လား သေမယ့်လူချင်း အခြေအနေတွေ
အတင်းခွဲခြားလို့ ထူးရဲ့လား
ငါမွေးခဲ့ခြင်း ငါအသက်ရှိခြင်း ငါရုန်းကန်ခြင်း ငါတွေရဲ့သေခြင်း
ကောင်းတဲ့စိတ်နဲ့ တံခါးတွေဖွင့်ပြီး ကြည့်လိုက်ပါ ခဏလောက်ဖြစ်ဖြစ်
အကောင်းတွေရှာဖို့ရပ်လိုက်ပါ ဘာလုပ်ပေးကြမလဲ ဘာတွေလုပ်ပေးနိုင်မလဲ
အသေခင်လေးတင်မှာ
10:12 PM 4/20/2013
တစ်စက္ကန့်မှာတစ်စုံတစ်ရာ
ရေး - အရိုး
ဆို - အရိုး
တစ်နေ့တုန်းက တစ်ခါမှ မသွားဖူးသေးတဲ့ တစ်ခုသော လမ်းကြားထကို ရောက်သွားမိ
တစ်ချက်လှမ်းအကြည့် တစ်စုံတစ်ရာသော ဈေးဆိုင်တစ်ယောက်သော
အိပ်မက်ဟောင်းကို ပြန်တွေ့ရှိ တစ်စက္ကန့်အတွင်း တစ်ယောက်ကိုတစ်ယောက်လှမ်းကြည့်တဲ့
အကြည့် တစ်စုံတစ်ရာ ရင်းနှီးခြင်းကို မခံစားမှု တစ်နှစ်တာလောက်စာ
တစ်သက်မှာ တစ်ခါရင်းနှီးခဲ့ သူ သူဟာဘေးက ကလေးငယ်လက်ဆွဲပြီး လွယ်လွယ်ပဲ
လှည့်ထွက်သွားခဲ့ တစ်စုံတစ်ရာ ထပ်ထူးခြားသော မကြုံခဲ့ အတိတ်ပုံရိပ်ယောင် ဟောင်းတွေ ပြန်မှတ်မိ
လက်ထဲအထိ သူကိုယ်တိုင်ထည့်ပေးဖူးတဲ့ အရာမျိုး ကလေးငယ် လက်ခုပ်ထဲငါပြန်တွေ့ရှိ
တစ်ညတုန်းက တစ်ခါတစ်လေ လမ်းလျှောက်ထွက်စဉ် တစ်ခုသော Bus Stop
ရှေ့ကိုရောက်သွားမိ တစ်ချက်လှမ်းအကြည့် တစ်စုံတစ်ရာ အငြိုးရှိခဲ့သူ တစ်ယောက်သော
ဒေါသမိတ်ဆွေ ပြန်တွေ့ရှိ တစ်စက္ကန့်အတွက် တစ်ယောက်ကို တစ်ယောက်လှမ်းကြည့်တဲ့
အကြည့် တစ်စုံတစ်ရာ ဒေါသအရိပ်ယောင် ခံစားမိ တစ်မျက်နှာမျိုးနဲ့ တစ်ခွန်းတစ်လေ
စော်ကားဖူးခဲ့သူ သူဟာ အခုတော့လမ်းပေါ် အိမ်လည်းမရှိ ဒါဆိုလည်း ရှိစေတော့ဟေ့
တစ်စုံတစ်ရာ အနိုင်ပိုင်းပြောမနေတော့ဘူး အတိတ်မှာ ဒေါသအဟောင်းတွေ ကျေခဲ့ပြီ
ဆေးဖော်ကြောဖက် နိုင်နေရင်လည်း မဖိချင်တော့ဘူး ဘဝမှာ ဒေါသကြီးလို့ တန်ဖိုးမရှိ
တစ်ခါတုန်းက တစ်စုံတစ်ရာ အလုပ်ကိစ္စနဲ့ တစ်ခုသော ကျောင်းဝင်းဟောင်းကို ပြန်ရောက်မိ
တစ်ချက်လှမ်းအကြည့် တစ်စုံတစ်ရာကျေးဇူးရှိသူ တစ်ယောက်သော ငါ့ရဲ့မိခင်ပြန်တွေ့ရှိ
တစ်စက္ကန့်အတွင်း တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်တဲ့အကြည့် တစ်စုံတစ်ရာ
အေးချမ်းခြင်းကို ခံစားမိ တစ်နှစ်တာလောက်နဲ့ တစ်သက်စာ သင်ကြားပေးခဲ့သူ
သူဟာဒုတိယ မိခင် ရင်ကသိ ဒီလိုနဲ့ ခေါင်းငုံဦးချ လွန်တာမှန်သမျှ တောင်းပန်ရင်ထဲ ကလေးငယ်
တစ်ယောက်ရဲ့နေ့တွေ ပြန်ရရှိ လောကထဲက အရာရာ လိုတိုင်း ရနိုင်ပေမယ့် ဘဝမှာ
ကျေးဇူးတရားက တန်ဖိုးရှိ
5:36 PM 4/20/2013

ရောခ့်အင်ရိုး
ရေး - အရိုး
ဆို - အရိုး
လမ်းထိပ်က ဆွမ်းချက်ရုံမှာ မိုးအလင်းထိုင်လို့ ပုခုံးဖက်ကာ ကုန်းရုန်းအော်ဆို ဝမ်း တူး သရီး ဝိုး မိုက် ဝိုး
ကီးလွဲလို့ လက်ကွက်ချော်တဲ့ မြူးဇစ်ကို ဗျိုး ပရက်စလေကြီးနဲ့ ငါတို့ အပြိုင်တီးမယ့် ရောဒ့်အင်ရိုး
မိန်းမ မရသေးတဲ့အကောင်တွေ တို့ဘက်ကိုတိုး လမ်းထဲမှာ ရှိတဲ့အပျိုတွေမြူးဇစ်ကလေးနဲ့ တရေးနိုး
ခွေးနဲ့လူ တစ်ယောက်တစ်လှည့်အူတာ သားတို့ပါဗျို့ မတော်ရသေးတဲ့ ယောက္ခမတွေအားလုံး ရော့ခ်အင်ရိုး
တစ်လမ်းလုံး အကုန်နိုးကာပဲ မိုးမီးလောင် ရပ်ကွက်ထဲမှာဟေ့ လမ်းကြားတွေ ပတ်ကာပြေး ပုန်းကြကွယ်ကြပါဟေ့
ဓမ္မာရုံဘေးက မြောင်းထဲဝင်ပုန်းတဲ့ ရော့ဒ်အင်ရိုး
လစ်ဆင်း အိုင်လဖ်ဒ်အစ် ဘာဒီ အိုး ရော့ဒ်အင်ရိုး ပုခုံးဖက်ကာ အစက ပြန်ဆို ဝမ်း တူး သရီး ဖိုး ဖိုက် ဝိုး
အမှတ်မရှိတာ နောက်တစ်ခေါက် အူတာ သားတို့ပါဗျို့ အစာမကြေချောင်းဆို လေထိုးတာ ပျောက်တဲ့ ရော့ခ်အင်ရိုး
တစ်လမ်းလုံး ပြန်နိုးကာပဲ မိုးမီးလောင် ရပ်ကွက်မှာ ပတ်ကြိမ်းလိုက်ရင် ခဏပြန်သွား အစကပြန် ထဆိုကြ
ဓမ္မာရုံထဲက ဂေါပကတွေ ဒေါပွ ရော့ခ်အင်ရိုး
1:39 PM 4/20/2013

ကံဆိုသည်မှာ
ရေး - အရိုး
ဆို - အရိုး
ကံဆိုတာ ဆိုးသည်ကောင်းသည်မရှိ အမြဲပြောင်းလဲ တတ်လေ၏ ကျုပ်အကြောင်းကြားပြီးရင်
ခင်ဗျားတို့လည်း စဉ်းစားကြည့် အိမ်အပြန်မှာ အလုပ်ပြုတ်ခေါင်းစုတ်ဖွားနဲ့ စိတ်ဓါတ်ကငရဲကိုကျ
သိပ်မကြာခင်မှာပဲ အမွေတွေတစ်ပုံကြီးရ ငွေတွေကို တစ်ချို့တဝက် ဘုရားလှူပြီး
သူငယ်ချင်းလက် အတိုးနဲ့ထား လမကုန်ခင်မှာပဲ ဒီကောင်လိမ်ပြီးပြေးသွား ဒီလိုနဲ့
ကြွေးတွေဆုံးလေပြီ ခွေးဖြစ်သည် ဒုတိယမ္မိ လအကုန်မှာ ကျွန်တော်ပေါက်ပြီ မင်္ဂလာစုံတွဲကြီး
လူလယ်ခေါင် ပြောဆိုတူရိုက်ထားပစ်ခဲ့တာ ကလိမ်ခြုံအရင်ရည်းစား
သနားလို့ အားလာပေးတဲ့ တစ်ယောက်က တကယ်ကို နတ်သမီးအလား
နေရာတကာ အကောင်းနဲ့အဆိုးက အမြဲတွဲထားတဲ့ ဒီဒွန္ဒယာကြီးမှာ ကျုပ်ရည်းစားအသစ်မှာ အစ်ကိုမောင်နှမတွေအများကြီး
လူဆိုတာ အမြဲကံမကောင်းနိုင်ဘူး ကံအမြဲလည်း ကောင်းမနေဘူး အသက်တဖြည်းဖြည်းကြီးလာ
တဖြည်းဖြည်းပိုပြီးသိ လူမမြင်အောင် ခိုးကြောင်ခိုးဝှက်တွဲ မိသွားတော့သဘောတူရဲ့ သိပ်ပူစရာမလိုပဲ အိမ်ထောင်ကျလေ၏
လိုချင်တာ သမီးပေါက်စလေး မွေးလိုက်တော့ အထီးတစ်ကောင်ဟေ့ ဘာပဲဖြစ်ဖြစ် ဒါတို့နှစ်ယောက်ရဲ့သားသမီး ဒီလိုနဲ့ ကျုပ်အသက်ငါးဆယ့်ငါး ကျုပ်သားအသက် နှစ်ဆယ့်ငါး
မာမီတွေထဲ ဒီကောင်ပြိုင်ဖက်မရှိ သေချင်အောင် ဒေါသကြီးလို့ ကြိမ်းမောင်းပြောဆို အိမ်ထောင်ချပေးသည် ကျုပ်ချွေးမသား ရည်းစားက အပြင်မှာ Tomboy ကြီး အိမ်ထောင်ကျပြီး သုံးလအတွင်းပဲ သူတို့တွေ လူမှန်ပြန်ဖြစ်သည် ကျုပ်မြေးလေးမွေးရင် ဘယ်လိုနေမလဲ မသိ
1:29 PM 4/20/2013

ဒါရိုက်တာ
ရေး - အရိုး
ဆို - အရိုး
နေသာနေတုန်းလေး နေရာထိုင်ခင်းရွေး ဒီမှာ ရိုက်ကွင်းစမယ်ဟေ့ ရှုတင်မှာ အပျင်းထူ ဇီဇာကြောင်တဲ့လူ နာမည်ကြီးမင်းသားပါဟေ့ ပရိုဂျူဆာစိတ်ကြိုက် အရန်တွေကို လှိမ့်ရိုက် လိုနေတဲ့ တစ်ကားလုံးစာအပြည့် တော်တော်နေစောင်းမှ ပေါ်တော်မှုရောက်လာ နာမည်ကြီး မင်းသမီးပါဟေ့
မင်းသားကရူး မင်းသမီးကမြူး ထပ်မရိုက်တော့ဘူးကွာ နောက်တစ်ကဒ်ကိုကူး မင်းသားလည်းမေး မင်းသမီးပါမေး နေ့နဲ့ညပြောင်း ဇတ်ညွှန်းအသစ်ပြန်ရေး
လူမြင်အောင်အတင်းလုပ် ရှုတင်မှာစာရင်းရှုပ် ဂျာနယ်လစ်အားလုံးကိုတွေ့ ငြိမ်ငြိမ်နေစမ်းပါ ဒီအခြေအနေမျိုးမှာ ပရိုဂျူဆာဒေါပွ တယ်ဟေ့ လူသူတွေကြားထဲ လူရှိန်အောင်တအားကဲ မန်နေဂျာငါ့တပည့်ကျော်လေး မြုံနေတဲ့ဒေါသ ဒီကောင်တွေပေါ်လွှဲချ မောင်ရင် ငါလုပ်မိမယ်ဟေ့
မင်းသားကနား မင်းသမီးကများ ပျက်ရက်တွေကြားမှ ရိုက်ရက်ကရှား မင်းသမီးကပွား မင်းသားကဝါး အရမ်းမိုက်အောင် ရိုက်မယ်ဗျာ သုံးရက်နဲ့တစ်ကား
ငြိမ်ငြိမ်နေအားလုံး အက်တာတွေအားလုံး ဒီမှာ ရိုက်ကွင်းစမယ်ဟေ့ လိုက်တင်တွေချိန်းမယ် ဒရက်စင်တွေ ချိန်းမယ် မာမီတွေ အလုပ်ရှုပ်တယ်ဟေ့
ပရိုဂျူဆာကားနဲ့ ပါတော်မူသွားတဲ့ အပျိုစင်မင်းသမီးအိုလေး မာမီခေါ်ပေးပါ အန်တီခေါ်ပေးပါ ဒီမှာ ရိုက်ကွင်းစပြီဟေ့ မီးသမားကတုံး ရပ်ကွက်ကမုန်း လုပ်ကြပါဦးဗျာ ရိုက်ရက်တွေရှုံး
မင်းသမီးကမှား မင်းသားကမှား မရရအောင် ရိုက်မယ်ကွာ သုံးရက်နဲ့ တစ်ကား
1:10 PM 4/20/2013

အမဲကင်ကျပ်တိုက်ကြော်
ရေး - အရိုး
ဆို - အရိုး
စားစရာမရှိတော့ဘူး စာအုပ်ဖတ်ပြီးချက်မယ် စာမျက်နှာ ၆၅ အမဲကင်ကျပ်တိုက်ကြော်
အမဲက သုံးဆယ်သား ငရုတ်နီခြောက်တောင့်ထည့် နူးအောင်ပြုတ်ဆိုပဲ
ကြက်သွန်လေးဥလုံးကို ပါးပါးလှီးတော့ (ထည့်)
ဒယ်အိုးကို ထောပတ်လူး အသားတွေ ဓါးနဲ့ခုတ် ကြက်ဥတစ်လုံး ဖောက်စမ်း အဲဒါ အခုမော့လိုက်
စားပွဲတင်ဇွန်း ဘာတုံးမသိရင် စိတ်ကြိုက်လုပ် ချင်းနဲ့ ကြက်သွန်မိတ် ငရုတ်ဆုံထဲ အကုန်ထည့် အားရပါးရထိုင် (ထောင်း)
ဒယ်အိုးမှာ အငွေ့တွေက ရှိတာအကုန်ပစ်ထည့် ယောင်းမလည်း မတွေ့ဘူး မတွေ့ဒီအတိုင်းထားလိုက်
တစ်အိုးလုံးတူးပြီဟေ့ မည်းရင် အမဲသားပဲ တစ်ခန်းလုံး အငွေ့တွေဖုံး ဒယ်အိုးကို စားပွဲပေါ်ချ အားရပါးရထိုင် (စား)
1:01 PM 4/20/2013

ဘွဲ့နှင်းသဘင်နေ့
ရေး - အရိုး
ဆို - အရိုး
ကင်တင်းထဲက အကြွေးနဲ့ တို့ခေါင်းထဲကတွေးတဲ့ အတွေးနဲ့နီးရဲ့လား တို့တွဲဖူးတဲ့ရည်းစား တို့တွဲဖူးတဲ့ရည်းစား အားလုံးတာ့တာပြ
ရွဲ့စောင်းနေတဲ့ ခေါင်းပေါ်က ခေါင်းစွပ်မည်းများ ကြေခေါက်နေတဲ့ ဝတ်ရုံနဲ့ Batman များ ရွဲ့စောင်းနေတဲ့ အပြုံးတွေနဲ့ မိတ်ကပ်အဖွေးသား ပျော်ကြရဲ့လား ပြန်စဉ်းစား ကိုယ့်လူရေ
အခမ်းအနားကြီး ပြီးဆုံးရင် နောက်ထပ် တို့ပြန်တွေ့နိုင်မလား ဘဝသစ်ကို အစပြုခြင်းအတွက် တို့ခြေလှမ်းတွေ
လေးငါးနှစ်မက်ခဲ့တဲ့ အိပ်မက်တကယ် နိုးပြီလား ပခုံးထက်က နှုတ်ဆက်လမ်းခွဲ တို့သက်ပြင်းတွေချ
ပါမောက္ခချုပ်ကြီးနဲ့ အုပ်ထိန်းခဲ့တဲ့ မိဘများလည်း ဦးချဦး တို့ခွဲခဲ့တဲ့ ကထိက တို့တွဲခဲ့တဲ့နည်းပြများလည်း နှုတ်ဆက်ဦး လေအမြန် နှုန်းတွေနဲ့ ရွေ့နေတဲ့ လောကထဲ အထွက် ငြိမ်သက်နေတဲ့ ကျောင်းတော်နဲ့ တို့လမ်းခွဲ အကုန်မြုပ်နှံခဲ့ တို့တွေရဲ့ ကျောင်းသားနေ့ရက် လူသစ်တွေနဲ့ နေခဲ့တော့ ကိုယ့်လူရေ
ဒီကျောင်းထဲက လမ်းနဲ့ ဒီကျောင်းထဲက အခန်းထဲ ဒီကျောင်းထဲက ပန်းနဲ့ ဒီကျောင်းထဲက ဇတ်လမ်းဖွဲ့
ဒီကျောင်းထဲက အတန်းတက် ဒီကျောင်းထဲပဲ အတန်းပျက် ဒီကျောင်းထဲက တစ်ယောက်နဲ့ ဒီကျောင်းထဲပဲ လမ်းခွဲ
12:55 PM 4/20/2013

လေတိုက်တဲ့ညတွေ
ရေး - အရိုး
ဆို - အရိုး
အိမ်ပြင်မှာ လေတိုက်တဲ့ညတွေ ငါမုန်းတဲ့ညတွေ ဘယ်လောက်ထိအောင်ရှည်နေဦးမယ်
အိမ်အပြန်ကို အိပ်မက်တဲ့ညတွေ စိတ်ကူးနဲ့ညတွေ မာနများနဲ့ ငါဟာမောပန်းခဲ့ ငါ့ကို ခေါ်နေမယ့်ချစ်သူ မျှော်နေမယ့် ချစ်သူ အချိန်တန်ပေမယ့် ငါပြန်မရောက်နိုင်ခဲ့
တိမ်တွေပြန်သွားမယ့် ငါကျန်ခဲ့ပြီ အချိန်တွေ ပြန်သွားပေမယ့် ငါကျန်နေခဲ့
ရင်မှာ နာကျည်းနေရင်းနဲ့ ငါကြေကွဲခဲ့ ဒီအချိန်အိပ်မက်များထက် ပိုမတောင့်တခဲ့
ပြီးသွားတဲ့အိပ်မက်ဟောင်းတစ်ခုလို ဝတ္ထုဟောင်းတစ်ပုဒ်လို ခေါက်ရိုးကျိုးခဲ့တဲ့ ငါ့ရဲ့နေ့ညများ ဘဝက ထူးဆန်းမှုရှိမယ့် အပြောင်းအလဲတစ်ခုရှိမယ် ထင်နေရင်းနဲ့အရာရာပြီးဆုံးခဲ့
ဘဝဟာတော်ရုံပဲကောင်းတယ် ပျော်ရုံပဲကောင်းတယ် ပိုချင်ရင်တော့ ရင်နာရမှာပဲ
12:08 PM 4/20/2013

ရုပ်ရှင်ကြည့်တဲ့ည
ရေး - အရိုး
ဆို - အရိုး
လရောင်ကြယ်ရောင်တောင် မလင်းတဲ့ညမျိုးတစ်ည မိုးသံလေသံဟာ ကမ္ဘာကိုဖုံးလွှမ်းထား
လေတိုက်တဲ့ အသံကို အဝေးက သဲ့သဲ့ကြား အလောင်းတစ်ကောင်ကိုယ်ခန္ဓာ ငါဝင်ပူးကပ်သွား
ခန္ဓာကိုယ်ပေါ် ပိုးဟပ်တွေပြေးလွှား ပိတ်လှောင်မှောင်နေတဲ့ အညိုရောင်ကွင်းထဲက
လည်ပင်းရိုးတွေကို အားပြုငုတ်တုတ်ထ စွတ်စိုမြေပြင် ငါခြေတင်မိတဲ့ခဏ မီးရောင်မှိန်
အိမ်ငယ်တစ်လုံးရဲ့ မြင်ကွင်းက ငါ့အမြင်အာရုံမှာ အနီရောင်သွေးစက်များ ခြေလှမ်းလိုက်ချိန်
ငါ့အသားစတစ်ချို့ပဲ့ကျ အလောင်းကောင်ကိုယ်ဟာ ငါလိုရာအတိုင်းဆက်သွား
ငါအခုလိုအပ်တာ လူ့ကိုယ်ထဲက ပူနွေးသွေးသားလား
ကြောက်ရွံ့ခြင်ရဲ့ စိတ်ဓါတ်လား တစ်ခုခုရမယ့်ည
တိတ်ဆိတ်ခြင်းမှာ ဖောက်ဝင်သွားတာ ခြေလှမ်းတရွေ့ရွေ့က မီးအိမ်အောက်မှာ
အိပ်ပျော်စ မိန်းမတစ်ယောက်ရဲ့ည
တံခါးဟောင်းကို အသာငါတွန်းဖွင့်ဝင်ရောက်လာ မီးအိမ်ငယ်အရောင်ဟာ
အမှောင်ကိုအားတင်းထား လေတိုက်တော့ အမှောင်ဟာ အားလုံးဖုံးလွှမ်းသွား
ခွေးတစ်ကောင်အူသံကို အခါခါသဲ့သဲ့ကြား အဖြူရောင် အရေခွံအောက်က လက်ချောင်းများ
အခန်နံရံပေါ်က ငွေရောင်အသားလှီးဓား ခြေတစ်လှမ်းဆက်ချိန် မျက်လုံးတစ်ဖက် ထွက်ကျသွား
အိပ်ပျော်နေသူ ဒီအသံမှာ နိုးတဲ့ခဏ
ဟာ ကြည့်လို့ကောင်းမှ စက်ပျက်သွားတာ စိတ်ဆင်းရဲလိုက်တာ မီးစက်ကြီးကို သွားပြင်ကြ ကောင်းခန်းရောက်တော့မှ
လောကကြီးဟာ မည်းမှောင်သွားကာ တစ်ယောက်ထဲ ကြောက်ကြောက်လာ တစ်ယောက်ယောက်အနားကို ကပ်နေရ သရဲကားကြည့်တဲ့ည
12:03 PM 4/20/2013

ကင်းတင်းထဲကကွင်းလက်ချာ
ရေး - အရိုး
ဆို - အရိုး
ကျောင်းဝင်းထဲမှာ ကိုယ်တို့သိတဲ့အကြောင်းအရာ ဟိုရှေ့ကလာ သချာင်္မေဂျာကွင်းဗျာ
သူ့လက်နက်ဟာ ဂဏန်းပေါင်းစက်နဲ့ ပေသီးပါ အနားကပ်တဲ့သူတွေကို တွက်ချက်ပြီးမှ အီနေကျ
ကျောခိုင်းထားတဲ့ မင်းရဲ့နောက်ကဝိုင်းမှာ အက်စစ်အလှမယ် ကန်မစ်စတြီရဲ့ ကွင်းဗျာ
အနားသွားကပ်တဲ့ သုံးလေးငါးယောက်ကြုံဖူးတာ လက်တွေ့ခန်းခေါ်ပြီး အက်စစ်ပုလင်းနဲ့ ဆော်တယ်ဗျ ကျောင်းသားရေးရာ သွားတဲ့လမ်းရဲ့ ထောင့်မှာ မင်းတွေ့ခဲ့တာ
အီကိုမေဂျာကွင်းကွာ မင်းအိတ်ထဲက ဂဏန်းခြောက်လုံးအထက်ကုန်တဲ့အခါ ဈေးကွက်ချဲ့ထွင်ပြီး နောက်ထပ်တစ်ယောက်နဲ့ အဆင်ပြေနေကျ
စိန်ပန်းတို့ ပွင့်တဲ့လမ်းထက်မှာ သူ့အသည်းကြီးအက်ကွဲသံကြား နောက်ဖရှက်ရှာလေးလား တို့ညီနောင်များ ကိုယ်တွေ့နဲ့ရင်းလို့ဆုံးမတာ တို့အမျိုးကောင်းသားတွေ ကွင်းရှောင်ကြ သွားလေသူများက
ကွင်းအားလုံးမှာ ဒေါသကြီးတဲ့တစ်ယောက်ဟာ ကျောက်ဆစ်လက်ရာ ဂျီဩလော်ဂျီကွင်းပါ အနားသွားကပ်တဲ့ မင်းမျက်ခွက်ကြီးမြင်တဲ့အခါ ဒေါသထွက်လာပြီး ကျောက်လက်နက်နဲ့ ဆော်မယ်ဗျာ ရိုးရိုးလေးနဲ့ ကြောက်ဖို့ကောင်းတဲ့ တစ်ယောက်ဟာ ဟိုးရှေ့ကလာ မြန်မာစာမေဂျာကွင်းပါ မင်းရည်းစားစာ ပေးတိုင်းမင်းအတွက်ပြန်ပေးတာ မင်းဖတ်ရမှာက ဟိုးရှေးခေတ်က ကျိန်စာ အနန္တ
စိန်ပန်းတို့ ပွင့်တဲ့လမ်းထက်မှာ သူ့အသည်းကြီးအက်ကွဲသံကြား နောက်ဖရှက်ရှာလေးလား တို့ညီနောင်များ ကိုယ်တွေ့နဲ့ရင်းလို့ဆုံးမတာ တို့အမျိုးကောင်းသားတွေ ကွင်းရှောင်ကြ သွားလေသူများ မြင်နိုင်ရဲ့လား အမေးရှိခဲ့ရင် စမ်းကြည့်ပါ တို့အားလုံးကတော့ ပြုံးနေမှာ နောက်လူမိုက်လေးလား သိပ်မကြာခင်မှာ ကောင်လေးတစ်ယောက် ခေါင်းကိုငိုက်စိုက်ဗျ စိန်ပန်းတို့ပွင့်တဲ့ လမ်းပေါ်မှာ မွေးရာပါ ဒုက္ခ
11:53 AM 4/20/2013
Tuesday, April 9, 2013
လူလည်အာရှသား
ရေး - အရိုး
ဆို - အရိုး
တစ်ချို့လူတွေကို အားကျပြီး ရှိစုမဲ့စုတွေ ရောင်းချပြီး
လေယာဉ်ပျံပေါ်တက် နှုတ်ဆက်တော့ကျွန်တော် ခန့်ခန့်ကြီးဗျာ
အမေ့ကို မှာမယ် အမေ့ကိုမှာမယ် အမေမှတ်သာထား အမျိုးနဲ့ရပ်ကွက်ကို ပတ်သာကြွား
ကျွန်တော်ဒီနေ့ပဲ ဖော်ရိန်းသွားပြီ ဖလိုက်အသစ်ကြီးနဲ့ဗျ
ကောင်းကင်ပေါ်တက် ကောင်းကင်ပေါ်တက်တော့ လန့်အောင်တယ်
တဖြည်းဖြည်း မြင့်တက်လာ မိုးတိမ်ထဲ ပြတင်းပေါက်ကချောင်း သိကြားမင်းတွေ့ရင် နှုတ်ဆက်မလားပဲ
မိုးပျံနေတဲ့ မိုးပျံနေတဲ့ တိုက်တွေကြား နည်းနည်း ရင်းနှီးတဲ့မျက်နှာများ ခင်ဗျားတို သုံးတတ်တဲ့ အခေါ်အဝေါ်တွေနဲ့ ကျွန်တော်နှုတ်ဆက်တယ်
ဘကုန်းလား ယပလက်လား ဖဦးထုတ် ဂငယ်လား ဒါမှမဟုတ် အ ပဲလား မ ပဲလား အူကြောင်ကြောင်ရွှေတဲ့လား
ဘယ်သူ ဘာဖြစ်ဖြစ် အလုပ်အတူသွား နေဝင်မီးပိတ် ပုရွက်ဆိတ်များ အရုဏ်တတ်တိုင်းထ မနက်တိုင်း တက်ကြွ လူလည်အာရှသား
မနက်ဆိုမြည်မယ် မနက်ဆိုမြည်မယ် အလန်းနာရီ ရည်းစားမှ ဖြောင့်အောင် မလွမ်းနိုင်မီ အရောင်စုံလူတွေကြား တိုးရဦးမယ် အလုပ်နောက်မကျမှီ
အားရင်ထိုင်ရေး အားရင်ထိုင်ရေး စာမျက်နှာတွေ ဖုန်းခဈေးကြီးလို့ မဆက်နိုင်သရွှေ့အဝေးကဦးချကြ
ရွှေတိဂုံမြေ ပြန်မရောက်သေးသရွှေ့တော့
ဘာဖြစ်ဖြစ်သတိသာထား ငါတို့ရည်းစား သူများနဲ့ညား အသေမှတ်စွဲထား what so ever ပျော်အောင်သာနေကြ
မဟာလူတန်းစား အိပ်မက်များ အိမ်အပြန်အခန်းပိတ်ကျိတ်ငိုကြ အရုဏ်တတ်တိုင်းထ မနက်တိုင်းတက်ကြွ လူလည်အာရှသား

Monday, April 8, 2013
ဥ
ရေး - အရိုး
ဆို - အရိုး
ဟိုဖက်ခြံထဲက ကြက်ဖနဲ့ ကျုပ်ကြက်မနဲ့ ညား သူ့တို့ချစ်ခြင်းရဲ့ ချစ်သက်သေ
အိမ်မှာ ဥတစ်လုံးကျ ဟိုဖက်ခြံကကောင်ပုကွကွ စကားပြောဘုကျကျ ကျုပ်ခြံထဲက ဥကိုလာပြီ မ
ငါ့ခြံထဲမှ ဥတဲ့ ဥ ငါ့ကြက်မရဲ့ ဥ အတင်းဝင်ကောက်တဲ့ ဟိုဘက်က ဂျပု မလွန်ခင် တူနဲ့ထု
မင်းကြက်ထီးက မဥတဲ့ဘဝ အဲဒါမင်းကိစ္စ မင်းမကျေနပ်ရင် ကိုယ်တိုင် ထိုင်ဥဟ
အဲဒီမှာစ ဝုန်းဒိုင်းကျဲကြ အမျိုးတွေ ကလေးတွေ ဂျပုကို ဝင်ပြီးချ မုတ်ဆိတ်ကိုဆွဲ ဒူးနှစ်လုံးကြားထဲထည့် သူ့ကျောကိုထုတာ လက်တောင်မလည်ဘူးတဲ့
နှုတ်ခမ်းတွေကွဲကို ခေါင်းလည်းဖု အငြိုးထားသွားတဲ့ဂျပု ဥကိုမရတော့ ကျုပ်ကြက်မ သန်းကောင်မှာ ဂွနဲပထု ကြက်မကြီး မာလကီးယားလို့ သူ့နွားကြီး မှိန်းနဲ့ထိုး သူ့နွားသေသွားလို့ သူကြီးတိုင်တော့ အကြောင်းဆိုး
အသက်ခြောက်ဆယ်မှာ ထိပ်တုံးနဲ့ညား ဒေါကန်ရတာ ပြောစရာ မရှိဘူးခင်ဗျ ဂျပုဖက်က အမျိုး ကျုပ်ဖက်ကအမျိုးတွေ လမ်းမှာတွေ့ရင် ဦးရာလူကချ
နေတတ်ရေတတ်မှာ မွေးတဲ့ ကျုပ် စိတ်ထားက ခပ်ပုပ်ပုပ် အချုပ်အနှောင်လွတ်တဲ့နောက်နေ့မနက် အိမ်ပြန်အကြံကြီးထုတ် လူပါးဝလွန်းတဲ့ ဂျပုမျက်ခွက် မျက်စေ့ထဲကမထွက် သူ့စပါးကြည်ထဲကို မီးအိမ်သွားပစ်ထည့်
အဲဒီမှာစ ဝုန်းဒိုင်းကျဲကြ အမျိုးတွေ ကလေးတွေ လွတ်ရာကိုပြေးကြ ဂျပုရဲ့အိမ်ထက် Fire ကကဲ
သိပ်မကြာသေးခင် ကျုပ်အိမ်ပါ မီးစွဲ
သင်ခန်းစာရလို့ ပုခုံးထဖက် ဂျပုက ရှုံ့မဲ့မဲ့ နောက်တစ်ခါ ကြက်တွေ မဥအောင်လုပ်ထားကွာ

နေသာလေလာတဲ့နေ့မှာ
ရေး - အရိုး
ဆို - အရိုး
ဝမ်းတူး သရီး ကိုယ်ချစ်သွားပြီ ရေလည်အောင်ကွယ် ရှင်းရှင်းပြောမည့် ဝေါ်အိုက်နီ ဝမ်းတူးသရီး ရည်ရွယ်လိုက်သည် ကွမ်ရင်မယ်တော်ကြီးမပါ ရှေ့လျောက်ခရီး
ဟိုတုန်းကပေးတဲ့ လမ်းဘေးလက္ခဏာ အဟောထဲမှာ ပြည်ကြီးကရည်းစား အကျိုးပေးကောင်းမယ် ဟောခဲ့တာ စိတ်ကူးနဲ့ရူးခဲ့မြူးခဲ့ရတယ် နှစ် လ ကြာ သူလေးနဲ့ကျမှ တည့်တည့်ကြီးကို တိုးခဲ့တာ ဟတ်ဖိချိုင်းနိစ် ခိုက်မိ အလိုက်သိတဲ့ကိုယ့်အသည်းလေးဟာ နှာခေါင်းရင်းလေးတော့ နည်းနည်းပြားမယ် ခွင့်လွှတ်ဗျာ သူ့ပါးမို့မို့ထက် သွေးကြောလေးတွေစိမ်းလဲ့ဖြာ အသားလေးကလေး ဖွေးဖွေးဥကာ နုနုရွ
သူလေးကခိုင်းသမျှလိုက်လုပ်ရတာ နွားနှစ်ပါ သူလေးကြောင့် တိုက်ကြရိုက်ကြရတာ ခွေးနှစ်ပါ ဆိတ်နှစ် မြင်းနှစ် မျောက်နှစ်ပေါင်းစုံ ကူးတိုင်းမှာ မိုးနတ်မင်းကြီး အမြဲတမ်းမအောင် ဆုတောင်းတာ ဆွန်ဇူးကျမ်းထဲက သိမ်းပိုက်နည်းတွေကြိုးစားရှာ ကွန်ဖြူးရှပ်ကြီးရဲ့ စကားလုံးများနဲ့ ရည်းစားစာ ဘုံကျောင်းကြီးထဲလည်း ပြေးပြေးပြီး စာချကြည့်ရ ရေနွေးကြမ်းလေးတစ်ခွက် ကောင်းကောင်းတိုက်ရင် မမောဘူးဗျာ
ရွှေယောက်ဖနှစ်ယောက်က အတွင်းအားသုံးက ဓါးစွမ်းပြ အဲဗရီးဘာဒီ လက်ခုပ်တီးပါ ကျွန်တော့်ဖက်က သူ့အန်းကုံးကြီးက ပြုံးစိစိနဲ့ ခေါင်းညိတ်ပြ ကျွန်တော်မျိုးကြီးကတော့ ငြိမ်းချမ်းရေးကို ရှေးရှုတာ အားလုံးအားလုံး ချိုင်းနားတောင်းကို လိုက်ခဲ့ပါ အားရပါးရသောက်ကြစမ်းပါ ပြီးတော့မှ အန်ပေါင်းအိတ်လေးနဲ့ ငြိမ်းချမ်းရေးထည့်ပေးတဲ့အခါ မယ်ချိုင်းနီးစ် လေးရဲ့ အိပ်မက်ထဲမှာ ဟီးရိုးဗျာ

Subscribe to:
Posts (Atom)