Showing posts with label မေရှင်. Show all posts
Showing posts with label မေရှင်. Show all posts

Tuesday, April 9, 2013

ချစ်ဗျုဟာ

ရေး  - အေဝမ်းဆရာညှာ
ဆို   - မေရှင်

( မိန်းမနဲ့ယောက်ျားဟာ နှစ်ယောက်သား ချစ်မိရာဝယ် ကိုယ်ကပင်ပိုကာ သူ့ထက်ကဲချင်တယ် )၂ .. (ထိုမိန်းမကရယ်.. တင်စားအားကိုးမယ်… ပျို့ချစ်သူ ဇာနည်ဘွားပါ ယောက်ျားလည်းပီသတယ် ) .. ချစ်ချင်းပြိုင်လို့…နိုင်လိမ့်မယ်လို့ ဧကန် အမှန် စင်စစ်မယ်…

( အိစက်ညက်ညောတဲ့ ဖဲမွေ့ရာပေါ်ဝယ် )၂ . ချစ်တလင်းခေါ်တယ် ချစ်ဗျူဟာ ကျဉ်းတဲ့ တူမောင်မယ်…

မိန်းမနဲ့ ….. ၀…… ၀……. စင်စစ်မယ်…

( ယောက်ျားခမျာက မောင့်ကြင်ဖက် နတ်ကညာရယ် ဟန်မူကြော့ရှင်း ခြောက်ပြစ်ကင်းတယ် အဆင်းလှတဲ့ ကေသွယ် )၂ စိတ်ရင်းက ဖြူဖွေးစင်ကြယ်.. အချစ်ပွဲကြီး ကျင်းပမယ် … မုချကာမနယ် အပ်နှင်းပါကွယ်..

အိစက်… ၀ …. ၀…. တူမောင်မယ်

( ဝေ့လည်လည်နဲ့ ဆုံးဖြတ်စေချင်တယ် ယုံကြည်ဖွယ် )၂ အခြေအတင်များ စကားပြောရင် မောမောပန်းပန်း ပျော်ရွှင်နိုင်တယ် )၂

တို့ယောက်ျား ဘုရားဆုပန်ကွယ် ခင်မင်ပါ မောင့် အချစ်ဦးပျိုရယ်..

အိစက် ……၀ ….. ၀ …. တူမောင်မယ်…။

Monday, April 1, 2013

ကျေးစေတမန်

ရေး - အလင်္ကာကျော်စွာရွှေပြည်အေး
ဆို - မေရှင်

(စစ်သွေးတွေက တဝေေ၀... ချစ်ရေးခက်ခက်သူတွေ ပူစေ... နှင်းမှုန်ချွေ... လေပြည်သွေးချိန်မို့ မယ့်တစ်ကိုယ်တည်း... မျှော်ရင်းမှာလေ... စစ်ခင်းသူရေ... အသည်းရင်တွင်း ထင်မြင်လာ မိသလေ)၂..

(ဖော်ရွေ ပျော်နေ... မေချစ်သူ တစ်ပါးပေမို့... ခွင့်လွှတ်ကာထား မတားသင့်ပေ)၂ ချစ်အားတွေ အလွန်မြူးသော်လည်း ကြည်နူး ခွန်းချိုမြှူသံပြောရန် ခက်သေး မယ့်ကြင်သူကလေးရယ် က... အဝေးနှင်လို့နေ ချစ်ရေး စစ်သွေး ဆူကာ ဝေ

မြသွေးဖြာတဲ့ ကျေးတမာ... ပေါက်လဲဝါ ခိုင်ရွှေညှာက... မေစက်ရာ ရွှေသဉ္ဇာသို့ တူယှဉ်လာ မေမှာစမ်းမယ်ပါ့... လွမ်းသူရဲ့သ၀ဏ်ကိုယူကာ... စစ်မြေတလင်းမှာကွယ်... ချစ်နေရင်း သူကလေးသို့သာ... ပေးပါတော့... မြသွေး ငှက်ကျွေး ရွှေတမာ..

ဖော်ရွေ ပျော်နေ ဆူကာဝေ