Showing posts with label အီးဒီးယော့. Show all posts
Showing posts with label အီးဒီးယော့. Show all posts

Tuesday, April 9, 2013

တွေ့ ရတာဝမ်းသာတယ်




ရေး/ဆို - Idiots

မင်းကိုတွေ့ နိုင်ဖို့  ငါဘယ်လောက်အားတင်းထားတာမြင်ရဲ့ လား
မငိုမိအောင် အတန်တန်ထိန်းထားတဲ့ကြားက
မင်းစိတ်ညစ်သွားမှာစိုးလို့  ဟန်ဆောင်ကာ ပြုံးနေခြင်းအတွက်
နှလုံးသွေးကြောများတောင်ပျက်လုပြီ ဘာကြောင့်ရယ်ငါမသိဖို့ 

အတိတ်ဘဝကဝဋ်ကြွေးလား ငါမေ့ပစ်လို့ မရခဲ့ မင်းပဲ မင်းပဲ အရင်လိုစွဲလမ်းမှုတွေနဲ့ 

မင်းနဲ့ တွေ့ ရတဲ့အတွက်ဝမ်းသာတယ်
သူစိမ်းလို့ ပြောပြောမင်းစကားပြန်ကြားမယ်
နာကျင်နေလဲအားတင်းထားမယ် ငါမင်းအနားမှာရှိသင့်တယ်
မင်းနဲ့ တွေ့ ရတဲ့အတွက်ဝမ်းသာတယ်
အတိတ်ကအကြောင်းတွေ ခေါင်းထဲအပြည့်ပဲဟေ့
ငါဘာကြောင့်များအခုထိမမေ့ သေရာပါမယ့်မင်းပုံရိပ်

မင်းအသံကြားနိုင် ငါဘယ်လောက်နားစွင့်ရတာနင်သိလား
ပြန်ကြားချင်နေတာအမုန်းကင်းတဲ့စကားများ
ငါ့အသက်ရှုခြင်းတွေအား ဟိုအရင်လိုအဓိပ္ပာယ်ဖွင့်ပေးဖို့ 
မင်းခွင့်မပြုတဲ့အခါဘာကြောင့် ငါရှင်ရမယ်အဖြေကမရှိ
ဘယ်လိုငါ ရပ်တည်ရမှန်းမသိ

အကောင်းဆုံးလမ်းများရွေးခဲ့ရင် ပျော်ရွှင်နေနိုင်မယ်ငါတို့ နှစ်ယောက်ရဲ့ ခရီး
ငါမှားယွင်းမှုတို့ မရှိခဲ့ရင် နင်မုန်းတဲ့လူဖြစ်ဖို့ ဇာတ်လမ်းမရှိ
အခုတော့အိပ်မက်ကနိုးသွားသလိုမင်းစွန့်ပစ်ထားခဲ့တဲ့အဆုံး
ငါဘာ့ကြောင့်အသက်ရှင်ရမှန်းမသိ

အကောင်းလားအဆိုးလား ငါမသိပါ ပြန်ဆုံတွေ့ တဲ့ အခိုက်အတန့် မှာ
အားလုံးပြောင်းလဲ အရင်လိုမျိုးမဟုတ်တော့ပေမယ့်

ငါ့အပြစ်နဲ့ငါ

ရေး - ရေမွန်
ဆို - Idiots

မတွေးတတ်ဘူး ဘယ်လိုပြောရမလဲ
အရင်လို နီးစပ်ဖို့မှ မဟုတ်တာ ဝေးသွားရမယ့်အကြောင်းတွေ
မင်းနဲ့တို့ပြေလည်တဲ့အတိုင်းအတာရောက်မှ
ငါတို့ရူးသွပ်ခဲ့တဲ့ အဖြစ်တွေလက်လွတ်ဖို့အတွက်ပြောင်းနေ

လမ်းခွဲရမယ့် အနမ်းတွေ ငါ့အတွက် ခံနိုင်စွမ်းလုံးဝမရှိဘူးလို့
တိတ်ဆိတ်ခြင်းနဲ့ မင်းအနားက ငါလေအဝေးဆုံးကို
ထွက်သွားပါရစေ

ပြောဖို့စကားလုံးတွေ နာကျင်မှာစိုးလို့
တစ်ယောက်တည်း ဒီရင်မှာ ငါသိမ်းထားတာ
မင်းလေးမသိအောင်လို့ ဟန်ဆောင်နေရလို့

ဟိုတုန်းက အဆင်မပြေတဲ့အခိုက်မှာ
ငါမှားယွင်းခဲ့တဲ့ အပြစ်တွေခွင့်လွှတ်ပေးခဲ့ဦးလေ
ဆက်ချစ်ဖို့အခြေအနေ မပေးတော့လည်း
ငါမင်းရဲ့အဝေးဆုံးက ပြန်နီးရဖို့ကို ဆုတောင်းဆဲ

ပေးထားခဲ့တဲ့ ကတိတွေပျက်ကာ အရာရာငါ့ဆက်တာမှားခဲ့
မင်းအတွက် တစ်စက်မှ မကောင်းတဲ့ငါ့ကို
တန်ပြန်မုန်းပစ်လို့ နင်မေ့လိုက်ပါ

လမ်းခွဲရမယ့် စကားတွေ/ အနမ်းတွေငါ့အတွက်
ရင်ဆိုင်နိုင်စွမ်းလုံးဝမရှိလို့
သွေးပျက်ခြင်းနဲ့ မင်းရဲ့အနားက ငါလေအဝေးဆုံးကို ထွက်သွားပါရစေ

Saturday, April 6, 2013

ဝမ်းနည်းတတ်တဲ့ချစ်သူ

ရေး - Idiots
ဆို - Idiots

အားတင်းထားပါဦး မငိုနဲ့ကွာဆက်ပြီးတော့
အရှုံးမပေးဘူးနော် ငါတို့ဘဝအတွက်ပေါ့
အတူကြိုးစားခဲ့တာပဲ ကံတရားကထင်သလောက်တော့
မရက်စက်ခဲ့တဲ့အတွက် ငါတို့နှစ်ယောက်မျှော်လင့်နိုင်ပါသေးတယ်
အုတ်တချက်နဲ့ သဲတစ်ပွင့်နဲ့ဆောက်ခဲ့ပြီးမှ အိမ်မက်တို့ မဝေးတော့လို့
အားမလျှော့နဲ့ဆက်လျှောက်မယ်အားမလျှော့နဲ့ ဘေဘီမင်းမျက်လုံးတို့အားပျော့လိုက်

င့ါရဲ့ပုခုံးထက်မှေးစက်လိုက် အခက်အခဲများအတွက်ငါရှေ့ကရှိမယ်

ဘယ်လိုအဆိုးဆုံးနှေ့တို့ဖြတ်ရလဲ ရောင့်ရဲတဲ့အတွက်ကျေးဇူးတင်တယ်
နောက်ထပ်အဆိုးတို့မရှိဖို့ကတိတွေပဲလာပါ  ဝမ်းတည်းတတ်တဲ့ချစ်သူ
အားမငယ်နဲ့ ဘဝရဲ့အဓိပ္ပယ်ကိုငါတို့အတူဖွင့်ပြီးတော့ဆက်ကြိုးစားကြမယ်
ဘာများခက်လို့လဲ မနက်သစ်မရောက်ခက်သာ အမှောင်ထုဟာကြာလွန်းခဲ့
နွေးထွေးခြင်းတို့နဲ့ နေမင်းရဲ့အလင်းရောင်လာတော့မယ်
ဝမ်းနည်းရတဲ့နေတွေပြန်ရေတွက်ဦးဟေ့
မဆိုစလောက်လေးပါယုံကြည်ထားပေး တစ်နေ့နေ့အကောင်းဆုံးဖြစ်မယ်ယုံကြည်ထားပေး
တစ်နေ့နေ့အကောင်းဆုံးဖြစ်မယ်အားတင်းထားလိုက်ပေါ့
တင်္ဒဂလေးပဲ လာပါငိုမနေနဲ့တော့
(လာပါဝမ်းနည်းတတ်တဲ့ချစ်သူ အားမငယ်နဲ့)
အားတင်းထားပါဦး မငိုနဲ့ကွာဆက်ပြီးတော့
အရှုံးမပေးဘူးနော် ငါတို့ဘဝအတွက်ပေါ့

Monday, March 25, 2013


ရေး - Idiots
ဆို - Idiots

စကားလေးတစ်ခွန်းနဲ့ နားလည်တယ်..
ဖြည့်ဆည်းပေးမယ်..
မရဲ့စိတ်ကြိုက် ဘ၀ကိုတောင်

ပြင်ဆင်ဖို့ ကြိုးစားရဲ..
အားလုံးသိနေပြီးရဲ့နဲ့ ဘာကြောင့် နှိပ်စက်လိုတယ်..
ကျွန်တော်မျက်ရည်ကျမှ မက ပျော်နိုင်မှာလား..

မ.. အပြစ်မြင်နေတုန်းလား.. ရှင်းပြခွင့်ပေးပါ..
ဒီလိုမျိုးနည်းနဲ့ ထပ်ပြီး ကျွန်တော့်ကို မနှိပ်စက်ပါနဲ့တော့..
ကျွန်တော်မှားတယ်လို့ပဲထား.. ခွင့်လွှတ်ပါတော့ကွာ..
မ အပြုံးက ရှင်သန်ခြင်းအတွက် တကယ် အရေးကြီးနေလို့ပါ..

ပြောင်းလဲသွားတဲ့ ငါ့ကိုငါ အံ့သြမိတယ်..
ပြန်လှည့်ဖို့ ခက်တဲ့စိတ်တွေဟာ
ခံနိုင်ရည်များ ကျိုးပဲ့..
မ နဲ့ချစ်တဲ့ ရလဒ်အတွက်
နောက်ဆုံးကြေကွဲရမယ်..
ကြိုသိတောင် မ ကို မစွန့်လွှတ်နိုင်ပါတယ်..

မ.. အပြစ်မြင်နေတုန်းလား.. ရှင်းပြခွင့်ပေးပါ..
ဒီလိုမျိုးနည်းနဲ့ ထပ်ပြီး ကျွန်တော့်ကို မနှိပ်စက်ပါနဲ့တော့..
ကျွန်တော်မှားတယ်လို့ပဲထား.. ခွင့်လွှတ်ပါတော့ကွာ..
မ အပြုံးက ရှင်သန်ခြင်းအတွက် တကယ် အရေးကြီးနေလို့ပါ..

မ.. အပြစ်မြင်နေတုန်းလား.. ရှင်းပြခွင့်ပေးပါ..
ဒီလိုမျိုးနည်းနဲ့ ထပ်ပြီး ကျွန်တော့်ကို မနှိပ်စက်ပါနဲ့တော့..
ကျွန်တော်မှားတယ်လို့ပဲထား.. ခွင့်လွှတ်ပါတော့ကွာ..
မ အပြုံးက ရှင်သန်ခြင်းအတွက် တကယ် အရေးကြီးနေလို့ပါ

4:50 PM 3/20/2013

Tuesday, March 19, 2013

တစ်စုံတစ်ရာ

ရေး - ရေမွန်
ဆို - Idiots
ငါ့ရဲ့နေ့သစ်ကမ္ဘာထဲမှာ တစ်စုံတစ်ရာကို ဖန်ဆင်းပေးတဲ့
ကံကြမ္မာရယ် တကယ်ကျေးဇူးပဲ
ကြမ်းတမ်းမှုတွေနဲ့ထိတွေ့ အန္တာရယ်တွေမှာ ပျော်မွှေ့ခဲ့တာ
ငါမတုန်လှုပ်ခဲ့ပါ
ဒီတစ်စုံတစ်ရာရဲ့ဆန္ဒနဲ့ မင်းရဲ့အပြုံးတွေထိတွေ့တော့မှ
ဘာကြောင့်များ တုန်လှုပ်ရသလဲကွာ
တစ်ခါတစ်ရံမှာ ငါ့အနားက နင်မရှိတော့တဲ့အခါ ငါ့စိတ်တွေ
ဘာ့ကြောင့်ချောက်ခြား
မင်းလေးရှိတော့ငါ့မှာ ပြည့်စုံတာ
မင်းရဲ့စိတ်ကြိုက် ဘဝကို ပြင်ဆင်ပြီး ငါစတေးခဲ့တာ
ဘာကြောင့်လဲ မတွေးတတ်ပါ
တစ်စုံတစ်ရာကို ငါ့အတွေးထဲ နင်ယူဆောင်လာခဲ့တော့
အချိန်တွေတိုင်း ငါရူးသွပ်ပေါ့
မင်းရဲ့စိတ်နဲ့ ငါအသက်ရှင်ပြီး အိပ်မက်တိုင်းလည်း အချိန်ပြည့် အမြဲဘာကြောင့်
စိုးမိုးတာ ဒါအချစ်ကြောင့်လား
ငါမတွေးတတ်ပါ
မင်းနဲ့ဝေးတဲ့ညတိုင်းမှာ ကြယ်စင်တွေနဲ့ လမင်းကြီးကို
အချိန်တွေအတော်ကြာ ငါကြည့်မိတယ်
မင်းလဲသတိရရင်ငါ့ကို ယုံကြည်စွာပြန် လမင်းကြီးကို
မျှော်ကာကြည့်လိုက်ပါ
ခန္ဓာကိုယ်တွေမဆုံဆည်းလည်း တို့ရဲ့စိတ်တွေ ကောင်းကင်ထဲမှာ
ဆုံနိုင်ဖို့လမင်းလမ်းပြပါ
အရာရာကို ရင်ဆိုင်ရဲတဲ့ ငါ့ရဲ့စိတ်တွေ ပြောင်းလဲအောင်
ဘယ်လိုမင်းပြုစား
အိပ်မက်တွေထဲ နင်ဟာ ချစ်သူတစ်ယောက်အဖြစ်စိတ်ကူးယဉ်မိ
ငါချစ်ခဲ့လည်း နင်မသိနိုင်ပါဘူး
ဒါဟာမှားနေမှန်း ငါသိတာမို့ သိုဝှက်နေခဲ့လည်း
ဘာမှဂရုမစိုက်တတ်တဲ့စိတ်တွေဟာ အခုမှ ငါ့ရဲ့အနားမှာ နင်မရှိပဲ
ပိုဝေးသွားမှာ ငါအရမ်းကြောက်ရွံ့နေတာ
11:12 PM 4/17/2013