Showing posts with label အန်စီသာ့တီး. Show all posts
Showing posts with label အန်စီသာ့တီး. Show all posts

Wednesday, April 10, 2013

အချိန်လွန်ငှက်

ရေး - ကမ္ဘာ
ဆို - NC 13
အချိန်တန်တောင် အိမ်ပြန်ချိန်လွန်ခဲ့တဲ့
နာရီတွေပျောက်တဲ့ ငှက်တို့ရယ်
ရင်ခွင်မှာ ဝေဒနာကို ဖွင့်မပြောရဲ
နာကျင်စရာတွေများလို့ ခက်လှတယ်
လေပြေတွေသာတဲ့အခိုက်မှာ
လေနှင်ရာသာ ရွက်လွှင့်သွားတော့ကွယ်/မယ်
ချီဆောင်ရာ အိမ်နန်းပျောက်ကွယ်/ခြေအစုံဟာ တည်ကြက်ပျောက်ကွယ်
ဒီရင်ခွင်မှာ နားပေါ့ငှက်တို့ရယ်/ဒီရင်ခွင်ကိုစားပေါ့ ငှက်တို့ရယ်
ခံစားတတ်တယ် နာကြည်းတတ်တယ်
ငါမမေ့တတ်လို့ သံသရာလည်
ဒါလှည့်ဖျားခြင်းပဲ ဒါကံတရားပဲကွယ်
ငါနိုးထမှ နှလုံးသားတစ်ခုကို မင်းကငါ့ကို စတေး
ဒီနွေမှာ နေကွယ်အောင် ငါစောင့်ခဲ့
ချန်သူမှာလေ ထားခဲ့တော့ မောလှတယ်
ရင်ခွင်မှာ ဝေဒနာတွေဖွင့်မပြောရဲ
ဝင်လာပါ ခေါ်လိုက်မှ ခက်လှမယ်
10:15 PM 4/17/2013

ပေးပါ

ရေး - Mick
ဆို - Monopoly

ရေရထိုင်ရ သိပ်ခက်တယ် ဒီအသည်းကွဲတဲ့ရောဂါ
ရေတစ်ခွက်နဲ့လည်း မလောက်တော့ပါ ရင်ထဲကသိပ်ပူတာ
ဖြေသိမ့်ရန်လည်းခက်လို့ပါ ဒီမိန်းကလေးရက်စက်တာ
ဖြေဆေးတွေ့ရင် ပေးကြပါလား
ပေးပါ ပေးစမ်းပါ ပေးပါ ပေးစမ်းပါ ပေး ပေး ပေး ပေး
ငါဆွေးနေလည်းအခုတော့အပို နင်ကမှ မသိနိုင်တာ
အချစ်ဆိုတာလည်း မင်းနားမလည် နင်ကတော့ပေါ့ပေါ့ပဲ
နင်ကိုက်စားချင်တဲ့ ငါ့ရဲ့အသည်း ငါပေးလိုက်ပြီးပြီပဲ
နင်နေ့ရော ညရောမရက်စက်ပါနဲ့
သွားပါ သွားစမ်းပါ သွားပါ သွားစမ်းပါ သွား သွား သွား သွား
10:08 PM 4/17/2013

မှားနေ

ရေး - အောင်လ
ဆို - NC 13
ဒါတွေဟာ တကယ်တော့အမှား မင်းပေးခဲ့တဲ့ရလာဒ်များ
နင်ကိုယ်တိုင်တောင် အချစ်တွေကို ယုံစားခဲ့လို့လား
သာယာတဲ့အချစ်များထက် အတွေးများမြတ်နိုးသူ
ငါမခေါ်နိုင်ပါ အချစ်တွေကို တန်ဖိုးမထားနိုင်သူ
ငါအခုတော့ မေ့ပြီ
အိပ်မက်ဆိုးများ မင်းပေးတဲ့ခဏ
အလူးအလဲပဲ ငါ့ကိုယ်ပိုင်နှလုံးသား
အေးခဲခဲ့အချစ် အဆိပ်တက်မယ့်မင်း
ဘာမှထပ်မပေးနဲ့ မလိုချင်တော့ဝေး
အားလုံးဆုံးရှုံး ငါ့အတွက်မပေးနဲ့ မလိုချင်တော့လို့
အချိန်တန်ရင် ရင်ခွင်မရှိ မင်းဘဝတို့ လွတ်လပ်ပြီး
ကြေနေပြီ ငါ့ရင်မှာ နင်ဆက်ပြီး အဓိပ္ပါယ်မရှိ
အပေါ်ယံလွှာဟန်ဆောင်ပြီး နှလုံးသားများ ခါးနေသူ
ငါကိုယ်တိုင်တောင် မင်းကိုယုံစားခဲ့တာ အမှား
အမှားများ နောက်ဆုံးက
ဒါတွေဟာ အခုတော့အားလုံး အမှားများနဲ့ကြေနေပြီ အမှားအယွင်းများနဲ့ဘဝ
9:54 PM 4/17/2013

ဆူးမကြောက်ကြေး

ရေး - Mick
ဆို - Monopoly

ငါ့ရဲ့စိတ်နဲ့ ငါ့သစ္စာ ကိုးကွယ်လို့ထား ရှင်သန်ဖို့အတွက်
ငါ့လက်နက် အသင့်ဘေးမှာထား
ဆူးညှောင့်တွေ့လည်း ငါ့ခြေထောက်က သစ္စာမဖောက်ခဲ့
ရင်ဆိုင်မယ် ငါ့အသက်ကို လောင်းကြေးထပ်ရဲ
မုဆိုးတစ်ယောက်အတွက် နူးညံ့တဲ့ရက်စက်ခြင်းများ သေချာတယ်
မလိုက်ဖက်တဲ့ အချိတ်အဆက်တစ်ခုလား
နူးညံ့တာ လိုချင်ခဲ့လည်း ယူလာတာ ရက်စက်ခြင်း
ငါဆင်ထားတဲ့ ထောင်ချောက်မှာ သက်ဆင်းမယ့်သွေး
ငါပစ်ခွင်းတဲ့မြှားချက်မှာ သက်ဆင်းမယ့်သွေး
(င့ါမြှားနဲ့ဖြိုခွင်းမယ့် မတရားတဲ့သွေး ငါ့သွေးနဲ့ ငါပေးဆပ်မယ် ရိုးသားတဲ့ဆေး)၂
ကောက်ကျစ်ခြင်းက တစ်ချို့အတွက်တော့ ချိုမြိန်နေတယ်
ဒါပေမယ့်လည်း ငါ့အတွက်တော့ အဆိပ်သင့်စေတယ်
ငါရိုးသားလည်း ရိုင်းစိုင်းတယ် သူတို့အဆင်နဲ့ ကျေနပ်ခြင်းအတွက်
မာယာများတဲ့ လောကစစ်ပွဲ
အသက်ကို အသက်နဲ့ရင်းပြီးတော့ သစ္စာဆိုထား မညီမျှတဲ့လူတွေ
အတွက်တော့ ရိုင်း တစ္ဆေလား
ရိုးသားစွာနေထိုင်ခဲ့လည်း အပြင်အဆင်တွေ မှားယွင်းနေခဲ့
လောကမောဟတွေ နိဂုန်းချုပ်သွားတဲ့ အချိန်စောင့်လို့
အဓိကငါ့ သစ္စာ နှလုံးသွေးပေါင်းများစွာ ရင်းလို့
ဒီအမှန်တရားအတွက်
10:14 PM 4/15/2013

Tuesday, April 9, 2013

တွေ့ ရတာဝမ်းသာတယ်




ရေး/ဆို - Idiots

မင်းကိုတွေ့ နိုင်ဖို့  ငါဘယ်လောက်အားတင်းထားတာမြင်ရဲ့ လား
မငိုမိအောင် အတန်တန်ထိန်းထားတဲ့ကြားက
မင်းစိတ်ညစ်သွားမှာစိုးလို့  ဟန်ဆောင်ကာ ပြုံးနေခြင်းအတွက်
နှလုံးသွေးကြောများတောင်ပျက်လုပြီ ဘာကြောင့်ရယ်ငါမသိဖို့ 

အတိတ်ဘဝကဝဋ်ကြွေးလား ငါမေ့ပစ်လို့ မရခဲ့ မင်းပဲ မင်းပဲ အရင်လိုစွဲလမ်းမှုတွေနဲ့ 

မင်းနဲ့ တွေ့ ရတဲ့အတွက်ဝမ်းသာတယ်
သူစိမ်းလို့ ပြောပြောမင်းစကားပြန်ကြားမယ်
နာကျင်နေလဲအားတင်းထားမယ် ငါမင်းအနားမှာရှိသင့်တယ်
မင်းနဲ့ တွေ့ ရတဲ့အတွက်ဝမ်းသာတယ်
အတိတ်ကအကြောင်းတွေ ခေါင်းထဲအပြည့်ပဲဟေ့
ငါဘာကြောင့်များအခုထိမမေ့ သေရာပါမယ့်မင်းပုံရိပ်

မင်းအသံကြားနိုင် ငါဘယ်လောက်နားစွင့်ရတာနင်သိလား
ပြန်ကြားချင်နေတာအမုန်းကင်းတဲ့စကားများ
ငါ့အသက်ရှုခြင်းတွေအား ဟိုအရင်လိုအဓိပ္ပာယ်ဖွင့်ပေးဖို့ 
မင်းခွင့်မပြုတဲ့အခါဘာကြောင့် ငါရှင်ရမယ်အဖြေကမရှိ
ဘယ်လိုငါ ရပ်တည်ရမှန်းမသိ

အကောင်းဆုံးလမ်းများရွေးခဲ့ရင် ပျော်ရွှင်နေနိုင်မယ်ငါတို့ နှစ်ယောက်ရဲ့ ခရီး
ငါမှားယွင်းမှုတို့ မရှိခဲ့ရင် နင်မုန်းတဲ့လူဖြစ်ဖို့ ဇာတ်လမ်းမရှိ
အခုတော့အိပ်မက်ကနိုးသွားသလိုမင်းစွန့်ပစ်ထားခဲ့တဲ့အဆုံး
ငါဘာ့ကြောင့်အသက်ရှင်ရမှန်းမသိ

အကောင်းလားအဆိုးလား ငါမသိပါ ပြန်ဆုံတွေ့ တဲ့ အခိုက်အတန့် မှာ
အားလုံးပြောင်းလဲ အရင်လိုမျိုးမဟုတ်တော့ပေမယ့်

ငါ့အပြစ်နဲ့ငါ

ရေး - ရေမွန်
ဆို - Idiots

မတွေးတတ်ဘူး ဘယ်လိုပြောရမလဲ
အရင်လို နီးစပ်ဖို့မှ မဟုတ်တာ ဝေးသွားရမယ့်အကြောင်းတွေ
မင်းနဲ့တို့ပြေလည်တဲ့အတိုင်းအတာရောက်မှ
ငါတို့ရူးသွပ်ခဲ့တဲ့ အဖြစ်တွေလက်လွတ်ဖို့အတွက်ပြောင်းနေ

လမ်းခွဲရမယ့် အနမ်းတွေ ငါ့အတွက် ခံနိုင်စွမ်းလုံးဝမရှိဘူးလို့
တိတ်ဆိတ်ခြင်းနဲ့ မင်းအနားက ငါလေအဝေးဆုံးကို
ထွက်သွားပါရစေ

ပြောဖို့စကားလုံးတွေ နာကျင်မှာစိုးလို့
တစ်ယောက်တည်း ဒီရင်မှာ ငါသိမ်းထားတာ
မင်းလေးမသိအောင်လို့ ဟန်ဆောင်နေရလို့

ဟိုတုန်းက အဆင်မပြေတဲ့အခိုက်မှာ
ငါမှားယွင်းခဲ့တဲ့ အပြစ်တွေခွင့်လွှတ်ပေးခဲ့ဦးလေ
ဆက်ချစ်ဖို့အခြေအနေ မပေးတော့လည်း
ငါမင်းရဲ့အဝေးဆုံးက ပြန်နီးရဖို့ကို ဆုတောင်းဆဲ

ပေးထားခဲ့တဲ့ ကတိတွေပျက်ကာ အရာရာငါ့ဆက်တာမှားခဲ့
မင်းအတွက် တစ်စက်မှ မကောင်းတဲ့ငါ့ကို
တန်ပြန်မုန်းပစ်လို့ နင်မေ့လိုက်ပါ

လမ်းခွဲရမယ့် စကားတွေ/ အနမ်းတွေငါ့အတွက်
ရင်ဆိုင်နိုင်စွမ်းလုံးဝမရှိလို့
သွေးပျက်ခြင်းနဲ့ မင်းရဲ့အနားက ငါလေအဝေးဆုံးကို ထွက်သွားပါရစေ

Saturday, April 6, 2013

တစ်ကယ်ချစ်ရင်

ရေး - R ခိုင်
ဆို - N ကိုင်ရာ

ဘာကြောင့်မင်း ကိုယ့်ကိုကြည့်လဲ
လွယ်လွယ်နဲ့ မသိနိုင်တော့လည်း
ပြန်လည်ပြီး မင်းကိုမချစ်ရဲဘူးကွယ်
မစဉ်းစားပဲ ချစ်မယ်ဆိုလည်း
ဘယ်သူကဖြတ်နိုင်မှာလဲ
မြင်မြင်ခြင်းအချစ်စိတ်လှုပ်ရှား

ဘာကြောင့်မင်းကိုယ့်ကိုကြွေလဲ
လွယ်လွယ်နဲ့မသိနိုင်တော့လည်း
ပြန်လည်ပြီးမင်းကို မချစ်ရဲဘူးကွယ်
မျက်စိမှိတ် ချစ်မယ်ဆိုလည်း
ဘယ်သူက ဖြတ်နိုင်မှာလည်း
ရင်ခွင်ထဲ အချစ်စိတ်လှုပ်ရှား

တွေဝေနေရင် အိုနောက်ကျနေမယ်
မဆင်ခြင်နိုင်ရင် ကိုယ်လည်းမှားနိုင်တယ်
မင်းသိရဲ့လား

ရင်ခုန်ခြင်းများ သေချာမှ မင်းပြောပါ
ကြင်နာခြင်းများ အမှန်တကယ်လား ပြန်စဉ်းစား
ရန်ခုန်ခြင်းများ ယုံရမလား
သက်သေတွေ မင်းပြလေ
အကြင်နာလေးတွေ ယုံကြည်ပါရစေ



Monday, March 25, 2013


ရေး - Idiots
ဆို - Idiots

စကားလေးတစ်ခွန်းနဲ့ နားလည်တယ်..
ဖြည့်ဆည်းပေးမယ်..
မရဲ့စိတ်ကြိုက် ဘ၀ကိုတောင်

ပြင်ဆင်ဖို့ ကြိုးစားရဲ..
အားလုံးသိနေပြီးရဲ့နဲ့ ဘာကြောင့် နှိပ်စက်လိုတယ်..
ကျွန်တော်မျက်ရည်ကျမှ မက ပျော်နိုင်မှာလား..

မ.. အပြစ်မြင်နေတုန်းလား.. ရှင်းပြခွင့်ပေးပါ..
ဒီလိုမျိုးနည်းနဲ့ ထပ်ပြီး ကျွန်တော့်ကို မနှိပ်စက်ပါနဲ့တော့..
ကျွန်တော်မှားတယ်လို့ပဲထား.. ခွင့်လွှတ်ပါတော့ကွာ..
မ အပြုံးက ရှင်သန်ခြင်းအတွက် တကယ် အရေးကြီးနေလို့ပါ..

ပြောင်းလဲသွားတဲ့ ငါ့ကိုငါ အံ့သြမိတယ်..
ပြန်လှည့်ဖို့ ခက်တဲ့စိတ်တွေဟာ
ခံနိုင်ရည်များ ကျိုးပဲ့..
မ နဲ့ချစ်တဲ့ ရလဒ်အတွက်
နောက်ဆုံးကြေကွဲရမယ်..
ကြိုသိတောင် မ ကို မစွန့်လွှတ်နိုင်ပါတယ်..

မ.. အပြစ်မြင်နေတုန်းလား.. ရှင်းပြခွင့်ပေးပါ..
ဒီလိုမျိုးနည်းနဲ့ ထပ်ပြီး ကျွန်တော့်ကို မနှိပ်စက်ပါနဲ့တော့..
ကျွန်တော်မှားတယ်လို့ပဲထား.. ခွင့်လွှတ်ပါတော့ကွာ..
မ အပြုံးက ရှင်သန်ခြင်းအတွက် တကယ် အရေးကြီးနေလို့ပါ..

မ.. အပြစ်မြင်နေတုန်းလား.. ရှင်းပြခွင့်ပေးပါ..
ဒီလိုမျိုးနည်းနဲ့ ထပ်ပြီး ကျွန်တော့်ကို မနှိပ်စက်ပါနဲ့တော့..
ကျွန်တော်မှားတယ်လို့ပဲထား.. ခွင့်လွှတ်ပါတော့ကွာ..
မ အပြုံးက ရှင်သန်ခြင်းအတွက် တကယ် အရေးကြီးနေလို့ပါ

4:50 PM 3/20/2013

မဝေးတဲ့ချစ်ခြင်း

ရေး -
ဆို - N ကိုင်ရာ

အချစ်ပန်းများသည် လေပြည်ထဲမှာ
တိတ်တဆိတ်သာ ကြွေနေ ၀ဲလွင့်ကာ
နီးစပ်ခွင့် ရင်ခွင် တံခါးလေး ဖွင့်ထားရင်း
နွေးထွေးစွာ ကိုယ့်အပါးမှီအပ်ချင်ခဏသာ

အကြင်နာတွေ အချစ်ရေ မြင်လား…
အို…. အိုး… အိုး…..

လမင်းတစင်းလို ဝေဖြာနေအလင်းရောင်
ငေးမောကာဖွေရှာ မင်းရှိရာ (မင်းအပြုံးလေးသာ)…
အလှမ်းဝေးတဲ့ကမ္ဘာမှာ အမြဲတမ်းမနေနဲ့ကွာ..
တစ်နေ့တစ်ရက်မှာ နင်လှမ်းလာခဲ့ပါ အရောက်သာ
မျှော်နေမယ် အချစ်ရေ ထာဝရ..
အို…. အိုး… အိုး

ကိုယ့်ဘ၀မှာ အချစ်မင်းရှိမှ ဖြစ်လိမ့်မယ်
သေချာတယ် ဝေးလို့ မနေနိုင်ဘူး
မင်းသိသင့်တယ် မင်းရှိရမယ်
ဒီဘ၀ပြည့်စုံခြင်းဟာ မဝေးတဲ့ချစ်ခြင်းပါ

4:05 PM 3/20/2013

Tuesday, March 19, 2013

တစ်စုံတစ်ရာ

ရေး - ရေမွန်
ဆို - Idiots
ငါ့ရဲ့နေ့သစ်ကမ္ဘာထဲမှာ တစ်စုံတစ်ရာကို ဖန်ဆင်းပေးတဲ့
ကံကြမ္မာရယ် တကယ်ကျေးဇူးပဲ
ကြမ်းတမ်းမှုတွေနဲ့ထိတွေ့ အန္တာရယ်တွေမှာ ပျော်မွှေ့ခဲ့တာ
ငါမတုန်လှုပ်ခဲ့ပါ
ဒီတစ်စုံတစ်ရာရဲ့ဆန္ဒနဲ့ မင်းရဲ့အပြုံးတွေထိတွေ့တော့မှ
ဘာကြောင့်များ တုန်လှုပ်ရသလဲကွာ
တစ်ခါတစ်ရံမှာ ငါ့အနားက နင်မရှိတော့တဲ့အခါ ငါ့စိတ်တွေ
ဘာ့ကြောင့်ချောက်ခြား
မင်းလေးရှိတော့ငါ့မှာ ပြည့်စုံတာ
မင်းရဲ့စိတ်ကြိုက် ဘဝကို ပြင်ဆင်ပြီး ငါစတေးခဲ့တာ
ဘာကြောင့်လဲ မတွေးတတ်ပါ
တစ်စုံတစ်ရာကို ငါ့အတွေးထဲ နင်ယူဆောင်လာခဲ့တော့
အချိန်တွေတိုင်း ငါရူးသွပ်ပေါ့
မင်းရဲ့စိတ်နဲ့ ငါအသက်ရှင်ပြီး အိပ်မက်တိုင်းလည်း အချိန်ပြည့် အမြဲဘာကြောင့်
စိုးမိုးတာ ဒါအချစ်ကြောင့်လား
ငါမတွေးတတ်ပါ
မင်းနဲ့ဝေးတဲ့ညတိုင်းမှာ ကြယ်စင်တွေနဲ့ လမင်းကြီးကို
အချိန်တွေအတော်ကြာ ငါကြည့်မိတယ်
မင်းလဲသတိရရင်ငါ့ကို ယုံကြည်စွာပြန် လမင်းကြီးကို
မျှော်ကာကြည့်လိုက်ပါ
ခန္ဓာကိုယ်တွေမဆုံဆည်းလည်း တို့ရဲ့စိတ်တွေ ကောင်းကင်ထဲမှာ
ဆုံနိုင်ဖို့လမင်းလမ်းပြပါ
အရာရာကို ရင်ဆိုင်ရဲတဲ့ ငါ့ရဲ့စိတ်တွေ ပြောင်းလဲအောင်
ဘယ်လိုမင်းပြုစား
အိပ်မက်တွေထဲ နင်ဟာ ချစ်သူတစ်ယောက်အဖြစ်စိတ်ကူးယဉ်မိ
ငါချစ်ခဲ့လည်း နင်မသိနိုင်ပါဘူး
ဒါဟာမှားနေမှန်း ငါသိတာမို့ သိုဝှက်နေခဲ့လည်း
ဘာမှဂရုမစိုက်တတ်တဲ့စိတ်တွေဟာ အခုမှ ငါ့ရဲ့အနားမှာ နင်မရှိပဲ
ပိုဝေးသွားမှာ ငါအရမ်းကြောက်ရွံ့နေတာ
11:12 PM 4/17/2013

ရုပ်သေး

ရေး - Mick
ဆို - Monpoly

ငါ့ကိုခဏလောက် ဆေးကုပေးပါ နားတွေခဏလောက်ဖွင့်ကာပေး
မျက်စိနှစ်လုံးတော့ ထိုးဖောက်ထားတယ် ငါ့ကိုနောက်တစ်ခါ
အသက်ပြန်သွင်း အပြုံတွေမလှလို့ ဆေခြယ်ရင်း
လက်ကိုဖောက်ပြီး ကြိုးတပ်သွားတယ်
ရင်ဘက်ကိုခွဲပြီး အသည်းကိုထုတ်အစားထိုးပြန်တော့
စက္ကူစုပ် ခံစားမှုမပေးပဲ ငါ့ကိုထားတယ်
(လွတ်မြောက်မှုပေး ငါရုပ်သေးရုပ်လား အသက်ရှင်ခွင့်ပေး
ငါအသက်သွင်းဖို့လိုလား)
ကကွက်အားလုံးအသင့်ပြင်ပေး ခဏတာငါ့ဘဝကစားဖို့ရေး
အမုန်းရောင်ပိတ်ကားရှေ့မှာထားမယ်
ငါ့ရဲ့အသွေးအသားခမ်းပစေပေါ့ မင်းတို့သဘောအတိုင်းအသုံး
လိုတော့ အပြုံးမပြယ်နဲ့ ဆေးချယ်ထားပေးမယ်
ကကွက်အားလုံးဆုံးပြန်တော့ ဘဝကိုဘယ်သူမှမခိုင်းချင်တော့
ကြိုးတွေဖြတ်ပြီး လွှင့်ပြစ်သွားတယ်
(လွတ်မြောက်မှုပေး ငါ ငါအသက်သွင်းဖို့လိုလား)၂
(ငါအသက်က မင်းတို့လက်တွေ့က ကြိုးဆက်ကြားမှာမြုပ်နှံ
ကာထားဆုံးအစမဲ့ ကကွက်များနဲ့ စောင့်ကြည့်ကြမယ် ခိုင်းစေ
ချက်များ)၂

မပြန်ချင်တော့

ရေ - Mick
ဆို - Monpoly

ကန်းနေပြီ ငါ့မျက်လုံတွေ ဒီမျက်ရည်များက အဆိပ်ပြောင်းသွား
လွင့်ကုနပြီ  ငါ့အသက်ဝိညာဉ် ငါအသက်ရှင်ရတာမပျော်တော့ပါ
လှမ်ခေါ်နေ အရိပ်မဲကြီးတွေ ငါလိုက်မယ်လို့ကို ဆုံးဖြတ်ထား
(မပြန်ချင်တော့)၃ နှုတ်ဆက်တယ်လောကကြီး
ပုပ်ကုန်ပြီ အတွင်းစိတ်အေးတွေ သူတို့ကိုသစ္စာငါမမဲ့ခဲ့
ဝိုင်းလှောင်နေ ဒီသက်ရှိများ ငါမတွေ့နိုင်တော့ရင်ပိုကောင်းမလား
(မပြန်ချင်တော့)၃ နှုတ်ဆက်တယ်လောကကြီး
ငါတကယ်မမြင်ချင်တော့ဘူးကွာ ငါတကယ်မမြင်ချင်တော့ပါ
လာခေါ်နေတယ်နတ်ဆိုးများ (လာခေါ်နေတယ်နတ်ဆိုးများ)
(မပြန်ချင်တော့) (မပြန်ချင်တော့) နှုတ်ဆက်တယ်လောကကြီး