Showing posts with label ရွှေထိုက်. Show all posts
Showing posts with label ရွှေထိုက်. Show all posts

Wednesday, April 10, 2013

စိတ္တဇအလွမ်း

ရေး - စိုင်းစိုင်းခမ်းလှိုင်
ဆို  - စိုင်းစိုင်းခမ်းလှိုင်၊ ရွှေထိုက်

အလွမ်းရဲ့နေ့ အလွမ်းရဲ့ည (ရင်မှာကွဲရှနေလို့)
စိတ္တဇလိုရူးသွပ်စွာ (ရင်မှာ မီးလိုပဲဟေ့)
အိမ်မက်ဆိုးများ မြင်မက်ဆဲပဲ
ဒီမှာ အသည်းလေးကွဲသွားတော့
ငါလေ တွေးရင်းမျက်ရည်လည်
တယ်လီဖုန်းကို ရှေ့မှာချ ဂစ်တာတီးလို့ သီချင်းဆိုပြ
ဒီလိုနေ့ ဒီလိုည
ငါလေ မေ့လို့မရ အချိန်မှန်နာရီလည်နေတုန်း
ရာသီတွေကုန်ဆုံး ငါယောင်ချာချာနိုင်တုန်း
ချစ်သူလက်ကို ဖမ်းဆုပ်လို့ အရာရာရင်ဆိုင် ဖြေရှင်းခဲ့
ဟိုစဉ် အတိတ်ရဲ့နေ့တွေ တမ်းတမိနေတုန်းပဲ
ချစ်သူ့အတွက်နဲ့ ဒုက္ခရောက်တော့
ဘယ်သူကူညီဖြေရှင်းမလဲ
မင်းလေးမရှိတာ အရမ်းပဲ အားတွေငယ်
မင်းအပြုံးနဲ့ မင်းမျက်နှာ (ရင်မှာတမ်းတနေလို့)
သိပ်နူးညံ့တဲ့ မင်းနှုတ်ခမ်းများ (ဘယ်သူနမ်းပြီလဲဟေ့)
နောင်တဆိုးများရင်မှာ ပွေ့ဖက် ဒီမှာ အိမ်အပြန်လမ်းမရှိတော့
ငါလေ တွေးရင်းမျက်ရည်ဝဲ
ငါသိပ်ချစ်တာသိလျက်နဲ့ ဘာကြောင့်မင်းလေးသိပ်ရက်စက်
ဒီလိုနေ့ ဒီလိုည ငါအဖြေရှာရန်ခက် အတူထိုင်တဲ့ကော်ဖီဆိုင်တွေထဲ
ငါနာကျင်စွာ ကြေကွဲ အို့ မင်းမရှိတော့ အဖော်မဲ့
ချစ်သူလက်ကို ဖမ်းဆုပ်လို့ အရာရာရင်ဆိုင် ဖြေရှင်းခဲ့
ဟိုစဉ် အတိတ်ရဲ့နေ့တွေ တမ်းတမိနေတုန်းပဲ
ချစ်သူ့အတွက်နဲ့ ဒုက္ခရောက်တော့
ဘယ်သူကူညီဖြေရှင်းမလဲ
မင်းလေးမရှိတာ အရမ်းပဲ အားတွေငယ်