Showing posts with label ကိုမိုး. Show all posts
Showing posts with label ကိုမိုး. Show all posts

Sunday, May 26, 2013

မင်းအတွက်အသက်ရှင်



ရေး/ဆို - ကိုမိုး

အရာရာကိုပြောင်းလဲစေနိုင်တဲ့အချစ်ရယ်.. အရာရာဟာ မင်းပဲပေါ့ကွယ်...
ခင်တွယ်သူမင်းရှိရင် အကုန်လုံးပြည့်စုံ.. ကျန်တာတွေ မလိုအပ်ဖူးကွယ်..
ရင်ခုန်တဲ့နှလုံးသာဟာ မင်းပဲအချစ်ရယ်.. ကိုယ်မင်းအတွက် အသက်ရှင်တယ်..

ဝေဒနာတွေပျောက်ပျက်စေနိုင်တဲ့အချစ်ရယ်.. အကြင်နာတွေနွေးထွေးလွန်းတယ်..
တချိန်ချိန် ကိုယ်ဆွေးရမှာကို တွေးတိုင်းလည်း.. ငိုချင်တယ် အကြင်နာဆုံးရယ်
နေချင်တာ မင်းနားမှာ အမြဲတမ်းအချစ်ရယ် ခွဲထွက်မသွားပါနဲ့ ...

ဘယ်အချိန်မှာဝေးမယ်.. ဘယ်လိုကိုယ်ဆွေးမယ်.. မတွေး.. မတွေး.. မတွေးရဲဘူးကွယ်
ဒီရင်ခွင်ထဲမှာ ကြင်နာသူသဘောကွယ်.. နေပါတော့ အချစ်ဆုံးရယ်
ဘာတွေလာပေးပေး မလိုချင်ဘူး အချစ်ရယ်.. လိုနေတာမင်းပဲပေါ့ကွယ်...
ခင်တွယ်သူမင်းရှိရင် အကုန်လုံးဖြစ်တယ်... ပျော်နိုင်တယ် အချစ်ဆုံးရယ်

ရင်ခုန်တဲ့နှလုံးသားဟာ မင်းပဲပေါ့ကွယ်..
ကိုယ်မင်းကြောင့် အသက်ရှင်တယ်..
ကိုယ်မင်းအတွက် အသက်ရှင်တယ်..